အိန္ဒိယနိုင်ငံ Uttarkashi မြို့ရဲ့ Dharali ကျေးရွာမှာ သြဂုတ် ၅ ရက်က တောင်ကျရေ ရုတ်တရက် စီးဆင်းလာပြီး ရေလွှမ်းသွားခဲ့ရာ လူ ၄ ယောက်သေဆုံးကာ အများအပြားပျောက်ဆုံးလျက်ရှိတယ်လို့ အိန္ဒိယသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တောင်ကျရေကြောင့် နေအိမ်အဆောက်အအုံ အများအပြားလည်း ပျက်စီးသွားပြီး လူပျောက်ဆုံးမှုဟာ ၅၀ ကနေ ၁၀၀ ကြားရှိနိုင်တယ်လို့ သတင်းဖော်ပြချက်အရ သိရပါတယ်။

စစ်ဘက်နဲ့ အရပ်သားကယ်ဆယ်ရေးတာဝန်ရှိသူတွေက ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ရေးအတွက် အရေးပေါ် ပူးပေါင်းလုပ်ဆောင်နေကြပေမယ့် ကျေးရွာတစ်ခုလုံး ရွှံ့တွေ၊ အပျက်အစီးတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။

Video – Ganesh Mohan Nautiyal

0 Shares:
You May Also Like
Read More

နွားထိုးကြီးလမ်းတွင် စစ်အုပ်စု စီးနင်းလာသည့် ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၁ ဦး သေပြီး သေနတ် ၃ လက် ရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ဘက်နေ နွားထိုးကြီးလမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ Double Cap ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူနယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ပျူစောထီး ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်စခန်းကို အောက်တိုဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက်သေခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာမှ အင်အား ၁၅၀ ခန့်နှင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး အများအပြား ထိခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ ဒီဇင်ဘာ ၇ ရက် ည ၇ နာရီခွဲဝန်းကျင်ခန့်မှာ ကျောက်ပြုတ်ရွာကနေ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက အသင့်ထောင့်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ယောက်ခန့် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
Read More

လွိုင်ကော်မြို့ပြင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်သေ၊ သေနတ် ၄ လက် ရရှိ (ရုပ်/သံ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပြင်မှာ နိုဝင်ဘာ ၂၇ ရက်က ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး သေနတ် ၄ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNDF B14 ထံက သိရပါတယ်။
Read More

ပေါက်ခေါင်းမြို့နယ် ဘော်ဒါကျေးရွာ စစ်တပ်ဂိတ်စခန်းကို ဝင်‌ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၅ ဦး သေပြီး လက်နက်များ ရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ဘော်ဒါကျေးရွာဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၅ ယောက်သေပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆိုင်းတောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးရမိ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ရွာ လက်ကီးမန်းဟိုတယ်မှာ တပ်စွဲပြီး ရွာကို မီးရှို့ဖျက် ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို KIA၊ PDF ပူးပေါင်းတပ်တွေ ဖမ်းဆီးမိခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံလာပါတယ်။