ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

သြဂုတ် ၅ ရက် မနေ့က ညနေပိုင်းမှာ ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်ရဲ့ တပ်မကုန်းကနေ ရှရော်ခကျေးရွာကို လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မနေ့က ညပိုင်းမှာပဲ တပ်မကုန်းကနေ လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့ရာ ယူမာကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ပူတင်ကို ဗျာဒိတ်တော်လာ ကြွက်မင်းအဖြစ် သုံးနှုန်းပြီး မင်းအောင်လှိုင်က သူကိုယ်သူ မြန်မာဘုရင်အဖြစ် သုံးနှုန်း (ရုပ်/သံ)

ရုရှားနိုင်ငံ မော်စကိုမြို့မှာ မတ်လ ၄ ရက်က ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံစဉ်အတွင်း ၁၈၃၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ မဟာဘိသက္ကပဏ္ဍိတဘွဲ့ခံ ပါဠိဆရာကြီး ဦးစော ရေးသားတဲ့ ဦးအောင်ဇေယျ အတ္တုပတ္တိစာအုပ်ကို ကိုးကားပြီး ပူတင်ကို ဗျာဒိတ်တော်လာကြွက်မင်းအဖြစ် မင်းအောင်လှိုင်က သုံးနှုန်းခဲ့ပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး ဓားစာခံပြည်သူတွေကို ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ ရက်ရှည်ကင်းပုန်းဝပ်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၃ ကြိမ်တိုင် ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ MPDF – DEMO တပ်ခွဲထံက သိရပါတယ်။
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ စက်သုံးဆီဆိုင်ပိုင်ရှင် ၅ ရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် မြို့ပတ်လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းထောင့်က စားသောက်ဆိုင်အနီးမှာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက စတားပါဝါစက်သုံးဆီဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးဖြင့် ကြေးနီတင်လာသည့်ယာဉ်များကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၁ စီး တိမ်းမှောက်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမကြီးမှာ ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးယူကာ ကြေးနီတင်လာတဲ့ ယာဉ်တန်းကို ပဒေသာအတွဲလိုက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၂) တပ်ခွဲ (၃) (လျှပ်စီးတပ်ခွဲ) ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး နှိုးဆော်စာများ ဒရုန်းနဲ့ ကြဲချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်ကို အတုအ‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး နှိုးဆော်စာများ ဒရုန်းနဲ့ ကြဲချခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်၊ NUGမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရွှေဘိုမြို့ပေါ်ကို "အတုအယောင်ရွေးကောက်ပွဲ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ကြ"၊ "စစ်အာဏာရှင်ရဲ့ ထွက်ပေါက် မြှောက်မပေးနဲ့"၊ "မသမာတဲ့မဲရုံလမ်း ဖြတ်သန်းလို့တောင်မသွားနဲ့"၊ "သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့"၊ "ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီး" စတဲ့ စာသားပါ စာရွက်တွေကို ဒရုန်းနဲ့ ကြဲချပြီး အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေး နှိုးဆော်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ယောက်သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို မတ်လ ၁၃ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။