ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ ကလေးငယ်တွေ အပါအဝင် လူ ၈ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွထံက ကနဦး သိရပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၄ရက်နေ့ကတည်းက မိုးသည်းထည်စွာ ရွာသွန်းခဲ့တာကြောင့် မြေပြိုမှုတွေ ဖြစ်ပွားပြီး တောင်ကျချောင်းရေ ပြင်းထန်စွာ စီးဆင်းနေတာကြောင့် တံတားငယ်တချို့လည်း ကျိုးပျက်ကုန်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

“အခုက သေဆုံးကို ၈ယောက်အတည်ပြုနိုင်ပါပြီ။ သံတောင်ကြီးက ၄ယောက်၊ ကျောက်ဖျာကြီးက ၂ယောက်၊ အနီးနားရွာတွေက ၂ယောက်သေတာကို အတည်ပြုနိုင်ပါပြီ။ တခြားထပ်သေတယ်လည်း သတင်းကြားနေပါတယ်။ အတည်မပြုနိုင်သေးပါဘူး” လို့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။ 

မြေပြိုမှုကြောင့် ဥယျာဉ်ခြံမြေတွေ အများအပြား ပျက်စီးကုန်ပြီး မိုးကလည်း လက်ရှိအချိန်ထိ ဆက်လက်ရွာသွန်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 

အထက်ပါဒေသခံကပဲ ဆက်လက်ပြီး “တောင်ကျရေကျတော့ တချို့နေရာတွေက ရေလုံးဝမရှိပေမယ့် မိုးရွာတာနဲ့ ချက်ချင်းကို လူသွားလို့ မရတဲ့အထိကို ရေကြီးသွားတာရှိတယ်။ မနေ့ညကလည်း မိုးတော်တော်ကို ရွာတယ်။ အဲ့ဒါကြောင့် တံတားတွေကျိုးကုန်တာ” လို့ ဒေသခံပြည်သူတစ်ယောက်က မောင်းကို ပြောပါတယ်။ 

သံတောင်မြို့သစ် ၁၃ မိုင် အထက ကျောင်းနားက တံတားလေးအပါအဝင် စိုက်ပျိုးရေးတံတားလည်း  ပသိချောင်းရေတိုက်စားမှုကြောင့် ကျိုးကျသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၁၃မိုင်ဘက်က တံတား ၃စင်းလည်း ပြိုကျပျက်စီးထားတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

အာသံအကျဉ်းထောင်အတွင်း ချင်းလူငယ်တွေ ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေတွေကြောင့် အစာငတ်ခံဆန္ဒပြမှုကို ရပ်နား

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ချင်းလူငယ် ၃၂ယောက်ရဲ့ အစာငတ်ခံဆန္ဒပြမှုဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကြောင့် ရပ်နားထားကြောင်း India For Myanmar တာဝန်ရှိသူ ဆလိုင်းဒိုရ်ခါက မောင်းကို ပြောပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း တစ်နိုင်ငံလုံးမှာ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသူ ၆၂၀၀ ကျော်အထိ ရှိလာ

စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရသူ ၆၂၃၉ ယောက် ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
Read More

ရေနံချောင်းနယ်ဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦး သေဆုံး

မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ်ထဲကို အင်အားအများအပြား နဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုမိုင်းဆွဲခံရတဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ People's Defence Force -Yenangyaung (YNG-PDF) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရမည်ဟု အကြမ်းဖက်မင်းအောင်လှိုင် ပြောဆိုပြန်

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က RADISSON COLLECTION ဟိုတယ်မှာ ပြုလုပ်တဲ့ “လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ" သိပ္ပံပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာအနေနဲ့ နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
Read More

စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ၃ ဦး KNLA တပ်ရင်း (၈) ထံ လက်နက်ချ အလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၈) ထံ အကြမ်းဖက်စစ်တပ်က စစ်သား ၃ယောက် အလင်းဝင်လာခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့က ထုတ်ပြန်ပါတယ်။