တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့ နတ်အိမ်တောင်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးခဲ့တယ်လို့ Kanbauk Defense Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၄ ရက် နေ့လယ်ပိုင်းက နတ်အိမ်တောင်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးရဲဘော်တွေ ကင်းယူထားတဲ့ ကော့လှိုင်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

၄၅ မိနစ်ကြာ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားပြီး အထိနာစွာနဲ့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်သားတွေထံကနေ ခမရ (၄၀၉) ဒင်နံပါတ်ပါ MA(4) သေနတ် ၁ လက်၊ ၆၀ မမဗုံးသီး ၄ လုံး၊ အီဂါနာဗုံးသီး ၂ လုံး၊ ကျည်ဘောက် ၇ ခုနဲ့ ကျည် ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNLA တပ်ရင်း (၂၇)တပ်ဖွဲ့၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း KTLA ၊ နည်းဗျူဟာ (၃၃) စစ်ဆင်ရေးတပ်ဖွဲ့၊ ဒေါနတပ်ရင်း-၂ (YGF)တပ်ဖွဲ့၊ ဒေါနတပ်ခွဲ-၄ (KBDF)၊ ရာမညတပ်တော် (NMSP/AD၊RMA)တပ်ဖွဲ့နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Kanbauk Defense Force

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့်ဒေသများသို့ ထောက်ပံ့နိုင်ရန် အထူးဒေသ ၄ အစိုးရ အလှူငွေများ ကောက်ခံ (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူလူထုကို ထောက်ပံ့နိုင်ဖို့ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသအစိုးရနဲ့ ပြည်သူလူထုက အလှူငွေတွေထည့်ဝင်ပြီး လိုအပ်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ ၄ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ်းနီရွာရှိ ဗလီကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့နယ် ကမ်းနီရွာရှိ ဗလီကို ဧပြီ ၂၂ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမှတစ်ဆင့် သိရပါတယ်။
Read More

မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ် မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင် (ရုပ်/သံ)

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ်က မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး အထူးတိုက်ခိုက်ရေးတပ်ရင်း (၂) အပတ်စဉ် (၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အထူးတိုက်ခိုက်ရေးတပ်ရင်း (၂) အပတ်စဉ် (၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ စစ်သား ၃ ယောက် ဒဏ်ရာရပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း ‌‌တောင်ငူခရိုင် ဖြူးမြို့နယ် ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် ဒဏ်ရာရရှိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ တယ်လို့ ဖြူးမြို့နယ်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အမှတ် (၂) စစ်ဒေသခွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆီမီးထွန်းညှိသရုပ်ဖော်အခမ်းအနားကျင်းပ (ရုပ်/သံ)

သီတင်းကျွတ်အခါသမယအချိန်မှာ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆီမီးထွန်းညှိသရုပ်ဆောင်အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။