မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်ချုပ်ရေးအရေးပေါ် မြို့နယ်အဖြစ် ထုတ်ပြန်ခံရပြီးချိန်ကစလို့ အရပ်သားဖမ်းဆီးမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ တကျော့ပြန် ဆိုးဝါးလာကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အခုလ (သြဂုတ်) အစပိုင်းကစလို့ ရေစကြိုမြို့ပေါ်မှာ စစ်ကော်မရှင်အုပ်စုတွေနဲ့ စစ်တပ်ရင်းတွေက အရပ်သားဖမ်းဆီးမှုတွေကို ခပ်စိတ်စိတ် ပြန်လည်လုပ်ဆောင်လာနေပြီး နေ့စဥ်နဲ့အမျှဆိုသလို လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေပါတယ်။

ဩဂုတ်လ (၄) ရက်၊ မနေ့က နေ့လယ်ပိုင်းမှာလည်း ရေစကြိုမြို့ စည်ပင်ပန်းခြံထဲကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ၅လုံးပစ်ခတ်ခဲ့ရာမှာ မီးလောင်ကျွန်းကျေးရွာ (ရွာကွဲ) ၂ရွာကြားရှိ ကျွန်းပေါ်အပါအဝင် မီးလောင်ကျွန်းတောင်ဘက်ရွာ အရှေ့မြောက်ဘက်နဲ့ ဖြုံဘူးကျေးရွာတောင်ဘက်ဘောလုံးကွင်းတွေဆီ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုတွေ ပစ်ခတ်လိုက်တဲ့ အဆိုပါ ဟောင်ဝစ်ဇာလက်နက်ကြီးကျည်တွေထဲ ဖြုံဘူးကျေးရွာတောင်ဘက် ဘောလုံးကွင်းရှိရာကို ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည် ၂လုံးကြောင့် အသက် (၂) နှစ်အရွယ် မောင်ပေါက်စီဆိုသူ ကလေးငယ် ၁ယောက်ဟာ ဦးခေါင်းကို လက်နက်ကြီး ကျည်စထိမှန်ရင်း နေရာတင် သေဆုံးခဲ့သလို အသက် (၆၇) နှစ်အရွယ် ဦးဝင်းကြည်ဆိုသူလည်း ခြေထောက်နဲ့ တင်ပါး ကျည်စထိမှန်သွားတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်အတွင်း လက်နက်ကြီးကျရောက်ခဲ့သည့် ကျေးရွာတစ်ခုမြင်ကွင်း (Yesagyo Township Info Committee)

“မနေ့က နေ့လယ်ပိုင်းပစ်တာ.. ၂နှစ်သား ကလေးတစ်ယောက်ဆုံးသွားတယ်။ ညကျတော့လည်း ရေစကြိုအနောက်ခြမ်းကို ၁၀ လုံးပစ်တာ၊ ရွာအနီးဝန်းကျင်တွေကျပြီး တဲအိမ်အချို့ပျက်စီးတယ်၊ လူအထိအခိုက်တော့ မရှိဘူး။ ဒါတွေက မင်းအောင်လှိုင် စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက်မှာ အတော်ဆိုးလာတာလို့ ပြောရမှာပါ။” လို့ Yesagyo Township Info Committee တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အခု သြဂုတ်လ ပထမပတ်အတွင်းမှာ နယ်ဝေးကျေးရွာတွေကနေ စျေးလာဝယ်တဲ့အရပ်သားတွေဟာ ရေစကြိုမြို့ပေါ်မှာ နေ့စဥ်နဲ့အမျှ စောင့်ကြိုဖမ်းဆီးခံနေရပါတယ်။

စစ်ကော်မရှင်အဖွဲ့တွေဟာ လက်ရှိ ရေစကြိုမြို့ပေါ်အပါအဝင် မြောက်ဘက်က ဇီးတောရွာနဲ့ တောင်ဘက် ဆင်ချောင်း၊ အရှေ့ဘက် မင်းရွာတို့လောက်မှာပဲ နယ်မြေစိုးမိုးနိုင်တော့ကြောင်း သိရပါတယ်။

ရေစကြိုမြို့နယ်အတွင်း အခုလိုမျိုး အခြေအနေတွေ ပြန်လည်ဆိုးရွားလာတာဟာ မင်းအောင်လှိုင်သတ်မှတ်လိုက်တဲ့ စစ်အုပ်ချုပ်ရေးမြို့နယ် ၆၃မြို့နယ်အကြောင်း ကြေညာပြီးချိန်ကတည်းကဖြစ်တယ်လို့လည်း Yesagyo Township Info Committee တာဝန်ရှိသူက ပြောပါတယ်။

0 Shares:
You May Also Like
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးနှင့် ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဦးဆောင်အဖွဲ့တို့ ဇွန်လ (၁၄) ရက် ဒီနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူလေယာဥ်ကွင်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ လေယာဥ်ပြေးလမ်း ပျက်စီးပြီး စစ်သား ၄ ဦး သေ၊ ၄ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပခုက္ကူလေယဉ်ကွင်းကိုရော့ကတ်တွေ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း လေယာဥ်ပြေးလမ်းပျက်စီးပြီး စစ်တပ်က ၄ ယောက် သေဆုံးကာ စိုးရိမ်ဒဏ်ရာရသူ ၄ ယောက်အပါအဝင် အများအပြားဒဏ်ရာရခဲ့တယ်လို့ Cobra One အဖွဲ့တာဝန်ရှိသူက ​မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဝေါမှာ စစ်ကောင်စီတပ်ကင်းကို ချောင်းမြောင်းတိုက်ခိုက်ရာ စစ်သား ၁ ဦးသေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာမှာ ကင်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ချောင်း​မြောင်းတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့၏ မြေပြင်သပိတ်များ ဘေးကင်းစေကြောင်း NUG သဝဏ်လွှာပေးပို့

မြေပြင်မှာ သပိတ်တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်‌ရေးအစိုးရ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

စစ်ကောင်စီ အင်အားရာနဲ့ချီ ခုခံခဲ့တဲ့ ညောင်ကျိုးစခန်းကို AA ပူးပေါင်းတပ် သိမ်းပိုက်၊ စစ်တပ်က သေဆုံးသူများပြားပြီး စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ညောင်ကျိုးကျေးရွာအခြေစိုက် စစ်တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တီးတိန်မြို့ ခလရ ၂၆၈ က စစ်ကောင်စီတပ်သား လက်နက်နဲ့အတူ အလင်း၀င်ရောက်လာ

ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၈ တပ်ရင်းက တပ်သား ၁ ယောက်ဟာ လက်နက်တွေ ယူဆောင်လာပြီး အလင်းဝင်လာလို့ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။