တနင်္သာရီတိုင်းမှာ ဇွန်လကနေ ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၂၇ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁ ရက်ကနေ ဩဂုတ်လ ၅ ရက်အထိ ရက်ပေါင်း ၆၆ ရက်အတွင်း တနင်္သာရီတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄) ယောက်နဲ့ အမျိုးသား (၂၃) ယောက် စုစုပေါင်း (၂၇) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် (၃) ယောက် ပါဝင်ပြီး သေဆုံးသူ စုစုပေါင်းထဲက (၁၃) ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး (၅) ယောက်ကတော့ စစ်အုပ်စုရဲ့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ မတရားစစ်အာဏာလုချိန်ကစလို့ ဩဂုတ် ၅ ရက် ဒီနေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၇၀၃၅) ယောက် သေဆုံးခဲ့ပြီဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် အရှေ့ခြမ်းတွင် ထိတွေ့တိုက်ပွဲများ ရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်း ၃ ခု ခွဲဝင်ရောက်ရင်း လေကြောင်းတိုက်ခိုက်မှုတွေ တရစပ် လုပ်ဆောင်ခဲ့တယ်လို့ Voice Of Mandalay ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်း မြို့နယ် ပအဖ မှ ဒေသခံတောင်သူလယ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ ကူညီဖြေရှင်းပေးခဲ့…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ရဲ့ စိုက်ပျိုးရေး ဦးစီးဌာနက ဒေသခံတောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပအဖ က သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ် မိုးစပါး ရာသီမှာ ဒီပဲယင်း မြို့နယ်အတွင်းရှိ တောင်သူလယ်သမားတွေရဲ့ လယ်ယာ စိုက်ခင်းတွေမှာ ဖြစ်ပွားတဲ့ ပိုးမွှား ရောဂါပြသနာတွေကို စိုက်ကွင်းထဲအထိ သွားရောက် ဖြေရှင်း ပညာပေးခဲ့တယ်လို့ ဆိုပါတယ်။
Read More

နွားထိုးကြီးနှင့် မြင်းခြံ တိုက်ပွဲများအတွင်း စစ်အကြမ်းဖက်စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြားထိခိုက်ခဲ့ကြောင်း ဗိုလ်မိုက်ခဲပြော

မန္တလေးတိုင်း၊ မြင်းခြံခရိုင် မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲသုံးကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၁၀ ယောက် ထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းကို ဗုံးခွဲတိုက်ခိုက်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ စစ်တပ် ဗုံးကြဲလို့ အရပ်သား ၂ ဦး‌ သေဆုံး

သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီတပ်က သင်္ကြန်အကြိုနေ့ ညပိုင်း လေကြောင်း‌ ဗုံးကြဲတိုက်ခိုက်ခဲ့ဝာာကြောင့် အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တိုက်ပွဲများအတွင်း စစ်မှုထမ်းတပ်သားသစ်များ ထိခိုက်သေဆုံးမှု များပြားနေ၊ အကြမ်းဖက်စစ်တပ်မှ အတင်းအဓမ္မစုဆောင်း၍ သင်တန်းအမြန်ပေးကာ ရှေ့တန်းသို့ စေလွှတ်နေ

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တွင်းတိုက်ပွဲတွေမှာ စစ်မှုထမ်းတပ်သားသစ်တွေ ထိခိုက်သေဆုံးမှုတွေ များပြားနေတာကြောင့် စစ်မှုထမ်းတပ်သားသစ်တွေကို အတင်းအဓမ္မ ဆက်လက်စုဆောင်းပြီး သင်တန်းအမြန်ပေးကာ ရှေ့တန်းကို စေလွှတ်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေက မောင်းကို ပြောပါတယ်။