မန္တလေးတိုင်း၊ မြင်းခြံ ခမရ (၁၅) ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၃ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး နွားထိုးကြီးမြို့နယ် ရွာကြီးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ၃ ယောက် သေဆုံးကာ ၄ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“မြင်းခြံကနေ ပစ်တာ၊ ဘာမှထိတွေ့မှု မရှိဘူး။ ဒီအတိုင်း လှမ်းပစ်တာ၊ ဒဏ်ရာရတဲ့လူတွေက စိုးရိမ်ရတယ်။ လက်နက်ကြီးကျတဲ့အိမ်က ဆေးလိပ်လိပ်တဲ့အိမ်ဆိုတော့ ထိကုန်တာ၊ နေအိမ်ကတော့ တစ်လုံးပျက်စီးသွားတယ်” လို့ နွားထိုးကြီး နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါ်ဝင်းနဲ့ မဇာနည်ထွန်းတို့ သားအမိ ၂ ယောက်နဲ့ ဆွေမျိုးတော်စပ်သူ မစုစံတို့ ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါ်ဝင်းရဲ့ သားဖြစ်သူ ကိုဇင်မင်းထွန်း၊ ချွေးမဖြစ်သူ မလုံး၊ မဝတုတ်နဲ့ ဒေါ်တင်ထားဆွေတို့ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရွာကြီးရွာဟာ မကြာခဏဆိုသလို စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တုန်းကလည်း ရွာကြီးရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ယောက် ကျဆုံးခဲ့ပါသေးတယ်။

သြဂုတ်လ ၂ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် သန်းပင်လှရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးတစ်ယောက် သေဆုံးကာ အမျိုးသမီး ၂ ယောက် ဒဏ်ရာရခဲ့ပြီး နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

TRI ဗျူဟာက တပ်သားသစ်များ ခေါ်ယူနေ၊ LGBTQ လိင်စိတ်ခံယူမှု ကွဲပြားသူများပါ တပ်သားသစ်အဖြစ် လျှောက်ထားနိုင်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ - အမှတ် (၁၂၂) တပ်ရင်းက တိုက်ပွဲဝင်မယ့် တပ်သားသစ်ရဲဘော်တွေကို ဖိတ်ခေါ် ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၇ ဦးသေပြီး ၈ ဦး ဒဏ်ရာရဟု ဆို၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ‎အကြမ်းဖက်စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က ၇ ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တက္ကစီမောင်းသူလည်းဖြစ် Food Vlogger လည်းဖြစ်တဲ့ ကျော်ဝဏ္ဏ အသတ်ခံရ

အစားအသောက်နဲ့ ပတ်သက်တဲ့ Vlog တွေ ရိုက်ကူးသလို တက္ကစီမောင်းတဲ့အလုပ်လည်း လုပ်ကိုင်တဲ့ ကျော်ဝဏ္ဏဟာ ကားဆွဲရင်း အသတ်ခံခဲ့ရကြောင်း စစ်ကော်မရှင်လက်အောက်ခံ သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
Read More

အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရမှုအတွက် မသင်္ကာလို့ ဖမ်းဆီးခံထားရသူတွေ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်း ပို့ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခေါင်းကြီး သန်းထွန်းဆိုသူ ချောင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းကျောင်း ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းမှာ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်ထားပါတယ်။