ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းရှိ သီးသန့် (က/ခ) တိုက်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ကြီးပြစ်ဒဏ်ကျ အကျဉ်းသား ပြူးကြီးဆိုသူမှ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

အကျဉ်းသားပြူးကြီးဟာ ထောင်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံ‌ရေးအကျဉ်းသားတွေကို ရိုက်နှက်ခြင်း၊ အသက်အန္တရာယ်ထိခိုက်အောင် နည်းလမ်းအမျိုးမျိုးနဲ့ နှိပ်စက်အနိုင်ကျင့်တာတွေ ပြုလုပ်နေသလို ထောင်အာဏာပိုင်အတွက် လူသတ်ပေးဖို့ပင် အသင့်ရှိကြောင်း ကြွေးကြော်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ အကျဥ်းသား ပြူးကြီးဟာ ထောင်အာဏာပိုင် ဖိနှိပ်မှုကို ဆန့်ကျင်ရင်ဆိုင်ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အသက်ရှင်သန်ခွင့် မရ‌နိုင်စေဖို့အထိ ပြုလုပ်မှာဖြစ်ကြောင်း ခြိမ်းခြောက်နေတယ်လို့ PPNM က ဆိုပါတယ်။

နှစ်ကြီးအကျဉ်းသားပြူးကြီးဟာ ၂၀၂၄ ခုနှစ်အတွင်း သီးသန့် (ခ) တိုက်၊ အခန်းနံပါတ်(၁၁) မှာ LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ကိုရဲရင့်ကို (ခ) ရဲရဲကိုလည်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ ကြိုးပမ်းရာက ခေါင်းကွဲတဲ့အထိ ရိုက်နှက်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါဖြစ်စဉ်အတွက် တရားမျှတမှုရရှိဖို့ တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း အငြှိုးထားပြီး သူတာဝန်ယူထားတဲ့ ပြစ်ဒဏ်ကျအကျဉ်းသားတွေကို ပုံစံမောင်းပြီး ရိုက်နှက်တဲ့နေရာဆီကို ထောင်ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ခေါ်ဆောင်ရိုက်နှက်နှိပ်စက်မှုတွေ ပြုလုပ်နေတယ်လို့ PPNM က ဆိုပါတယ်။

ပြူးကြီးဟာ လူသတ်ဓားပြမှုနဲ့ သေဒဏ်ကျထားသူဖြစ်ပြီး မန္တလေးအိုးဘိုထောင်အကျဉ်းကျခဲ့ဖူးသလို သာယာဝတီအကျဉ်းထောင်ကို ထောင်ပြောင်းနဲ့ ရောက်ရှိပြီး‌နောက် သာယာဝတီထောင်ပိုင်ရဲရင့်နိုင်ရဲ့ တပည့်အဖြစ်ဆက်လက်ရှိနေတယ်လို့ PPNM က ဆိုပါတယ်။

သာယာဝတီထောင်တွင်း လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေးချိုး‌ဖောက်မှုဖြစ်စဥ်တွေရဲ့ တာဝန်ရှိသူတွေကတော့ ထောင်ပိုင် ရဲရင့်နိုင်၊ ဒုထောင်ပိုင် ဦးဖြိုးဝေဦး၊ ဦးစီး ဦးသန်းဝင်း၊ အကျဉ်းဦးစီး လက်ကိုင်တုတ်အခြားရာဇဝတ်အကျဉ်းသား ပြူးကြီးတို့ ဖြစ်တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သင်္ကြန်ကာလ ဥပုသ်သီလစောင့်တည်နေသည့် ပြည်သူများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ကမ်းနီရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက်ထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မအောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူများ အပါအဝင် စစ်တပ်အရာရှိတချို့ကို စစ်ကောင်စီက စည်သူဘွဲ့များ ချီးမြှင့်

ဦးသိန်းစိန်လက်ထက်က  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ခဲ့တဲ့ အငြိမ်းစားစစ်တပ်အရာရှိတွေကို အာဏာသိမ်း စစ်ကောင်စီက စည်သူဘွဲ့တွေ ပေးအပ်လိုက်ပါတယ်။
Read More

AA နဲ့ ရခိုင်လူမျိုးတွေ ကိုပစ်မှတ်ထား တိုက်ခိုက်ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ ချန်နယ်အချို့ ရပ်ဆိုင်း

ရခိုင်လူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ကိုပစ်မှတ်ထားကာ ဝါဒဖြန့်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အမာခံ တယ်လီဂရန်အပါအဝင် ချန်နယ်အချို့ရပ်ဆိုင်းသွားတယ်လို့ Burma Affairs & Conflict Study (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

စလင်းမြို့ပေါ် တရားမဝင် ရွေးကောက်ပွဲအတွက် သရုပ်ပြနေချိန် အသံမိုင်း ဖောက်ခွဲ သတိပေးခဲ့

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ တရားမဝင် (အတုအယောင်) ရွေးကောက်ပွဲအတွက် သရုပ်ပြပွဲပြုလုပ်နေချိန် အသံမိုင်းတစ်လုံး ဖောက်ခွဲ သတိပေးခဲ့တယ်လို့ စလင်းမြို့နယ်မြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရှမ်းနီးတပ်ရဲ့ ပေါ်တာဆွဲခြင်း ခံရပြီး ခမရ ၅၅၇ ရောက် စစ်သား ၁ ယောက် လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့အနီး၊ အောက်ကင်းရွာအခြေစိုက် အကြမ်းဖက် စစ်ကော်မရှင်တပ် ခမရ ၅၅၇ တပ်ရင်းက စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မုဒုံတွင် ပစ္စတိုတစ်လက်နဲ့ ဆက်စပ်ပစ္စည်းများ တွေ့ရှိသည်ဆိုကာ လူ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့မှာ ပစ္စတိုသေနတ် ၁လက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။