အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ရဲ့ ဒုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားတဲ့ ဦးကျော်နီ မြေပြင်ကွင်းဆင်းပြီး အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ သတင်းပြန်ကြားရေးမီဒီယာက ဩဂုတ် ၄ ရက် မနေ့က သတင်းဖော်ပြထားပါတယ်။

“တိုင်းရင်းသားတော်လှန်ရေးအင်အားစု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေလည်း ရှိပါတယ်။ NUG ဝန်ကြီးတွေ ပြည်တွင်းပြန်ရောက်တာ နယ်စပ်တလျှောက်နေထိုင် လုပ်ကိုင်နေတာတွေကို သူတို့ဝမ်းသာကြိုဆိုကြပါတယ်” လို့ ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

NUG အစိုးရကို ပြည်ထောင်စုအစိုးရအနေနဲ့ ပိုမိုအားကောင်းရေး၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုခေါင်းဆောင်တွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အိမ်နီးချင်းနိုင်ငံကြီးတွေ နားလည်အသိအမှတ်ပြုလာနိုင်ရေး၊ တော်လှန်ရေးအမြန်အောင်မြင်ဖို့ အင်အားစုတွေ ပိုမိုစုစည်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။

“အဖွဲ့အစည်းတိုင်းမှာ ဖိအားတွေရှိကြပါတယ်။ ဒါတွေကို စနစ်တကျ အတူတကွ ဖြေရှင်းနိုင်ရေးကိစ္စတွေပါ ဆွေးနွေးကြပါတယ်။” လို့ ဒုဝန်ကြီး ဦးကျော်နီက ပြောဆိုထားပါတယ်။

ဒုဝန်ကြီး ဦးကျော်နီအနေနဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့သလို တိုင်းရင်းသား တော်လှန်ရေးတပ်ခေါင်းဆောင်တွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ PVTV)

0 Shares:
You May Also Like
Read More

၆ နှစ်ကြာ တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ်သား အလင်းဝင်ကာ PDF နှင့်အတူ တိုက်ပွဲဝင်မည်ဟု ဆို

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ယောက် ညကင်း တာဝန်ကျချိန် ထွက်ပြေးရင်း နေပြည်တော် PDF တပ်ရင်း (၉၀၁) ထံ လက်နက်ကျည်ဆံတွေ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်များက ဒီကနေ့ညနေမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးထားဟု NUG အသိပေး

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး ၁၄၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
Read More

ဝေါမှာ စစ်ကောင်စီတပ်တွေရှိတဲ့ ရေတံခါးဂိတ် တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ၅ယောက်သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ရေတံခါးဂိတ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနဲ့ ပျူ ၅ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကြောင်းထိုးဖို့ကြိုးစားသည့် အနောက်ဘုန်းကန် ပျူရွာကို ၂ ရက်ဆက် ရော့ကတ်များ တိုက်ခိုက်မှု၊ စစ်အုပ်စု ၇ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

ကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းထိုးဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်အုပ်စုရွာကို ၂ ရက်ဆက် ရှော့တိုက်ဒုံးပစ်ခတ်ရာ စစ်သားနဲ့ ပျူစောထီး ၇ ယောက် သေကာ ထိခိုက်ဒဏ်ရာရသူ ၈ ယောက် ရှိခဲ့တယ်လို့ Cobra One တပ်ဖွဲ့ တာဝန်ခံ မြွေဟောက်က မောင်းကိုပြောပါတယ်။
Read More

မိုင်းလုံမြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀)ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄) လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။