တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ခလရ (၄၀၃) တပ်ရင်းက စစ်သား (၂) ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ KNU – Mergui – Tavoy District က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၄ ရက်နေ့မှာ ဝင်းဝတပ်စခန်းက အဆိုပါ စစ်သား (၂) ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄)၊ တပ်ရင်း (၁၂)၊ တပ်ခွဲ(၂) ထံ MA-1 သေနတ် (၁) လက်၊ MA-2 (၁) လက်၊ ကျည်‌ဆံ (၄၀၀) တောင့် ၊ ကျည်ဘောက် (၈)ခု တို့ ယူဆောင်လာကာ အလင်းဝင်ရောင်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ ဘယ်လိုထွက်ပြေးလာလဲတော့ မသိဘူး။ ဒါပေမဲ့ အရင်က ထွက်ပြေးတဲ့ စကစ စစ်သားတစ်ယောက်ကို ပြန်ဆက်သွယ်ပြီးတော့ ထွက်ပြေးခိုင်းတာ။ သူတို့စစ်မှုထမ်းတပ်သားတွေပဲဖြစ်မယ်။ တချို့ကတော့ ပြန်တိုက်မယ်။ တချို့က သူ့အိမ်ကိုပြန်သွားတယ်” လို့ KNU မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား (၂) ယောက်ဟာ မောင်‌မင်းစိုး (၄၂) နှစ်နဲ့  မောင်ဇော်ဇော် (၂၀) နှစ်တို့ ဖြစ်ပြီး သူတို့ ၂ ယောက်ဟာ လက်နက်တွေယူဆောင်လာတဲ့အတွက် K.N.L.A တပ်ရင်း (၁၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောဒါးဒါးက ဂုဏ်ပြုဆုငွေ တစ်ယောက်ကို  သိန်း (၄၀) စီ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ စစ်သား ၂ ယောက် ဘက်ပြောင်းခိုလှုံဖို့အတွက် ကူညီဆက်သွယ်ပေးတဲ့  တပ်သားမော်ကျော်ကျော်ကိုလည်း ဆုငွေ သိန်း (၂၀) ပေးအပ်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးတွင် မင်းအောင်လှိုင် လုံခြုံရေးအတွက် ဆင်းလာသည့် အကြမ်းဖက်စစ်ကြောင်းနှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု အထိအခိုက်များ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုံခြုံရေးအတွက် ဆင်းလာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မန္တလေးနန်းတွင်းထဲမှ လက်နက်ကြီး ရမ်းကားပစ်ခတ်မှုကြောင့် ထိခိုက်သူများကို စစ်အုပ်စု လျော်ကြေးပေးပြီး သတင်းဖုံးရန် ကြိုးပမ်း

မန္တလေးနန်တွင်း ထပရ-၁၂၁ တပ်ကနေ စစ်တပ် ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို စစ်အုပ်စုက အိမ်တိုင်ရာရောက် လိုက်လံနှုတ်ပိတ်ပြီး အခြေအနေမှန်ကို သတင်းဖုံးဖို့ ကြိုးပမ်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

ကြာနီကန်ရွာ လမ်းမကြီး အရှေ့နှင့် အနောက်ဘက်ခြမ်းက နေအိမ်များကို အစိုးရပိုင်ဟုဆိုကာ စစ်အုပ်စုက ၃ရက်ဆက် ဖျက်ဆီးခဲ့…

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာ လမ်းမကြီးဘေးမှာရှိတဲ့ နေအိမ်ရာနဲ့ချီကို စစ်ကောင်စီက လမ်းပိုင်မြေ မလွတ်ဘူးဆိုပြီး ဘူဒိုဇာတွေနဲ့ ၃ ရက်ဆက် ဖျက်ဆီးခိုင်းခဲ့တယ်လို့ MDY Revolution တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

၇ လအတွင်း စစ်အုပ်စုဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၆ ဦးနှင့် ဗိုလ် ၁ ဦးအပါ ၄၀၉ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း NUG ထုတ်ပြန်

၂၀၂၅ ခုနှစ် ပထမ ၇ လတာ ကာလအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်ထံကနေ ဗိုလ်မှူး ၂ ယောက် အပါအဝင် စစ်ကော်မရှင်တပ်သား ၄၀၉ ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မိုးမိတ်မြို့နယ် အောင်မြေရွာအနီး အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံ ဗုံးလာရောက်ကြဲချတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၁၀ ရက် မနေ့က မွန်းလွဲပိုင်းမှာ မိုးမိတ်မြို့နယ်၊ အောင်မြေရွာအနီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၂)လုံးနဲ့ (ရော့ကဒ်) လက်နက်ကြီး(၆)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမှာ အင်အား ၂၀၀ ခန့်ဖြင့် အထိုင်ချတပ်စွဲနေသည့် စစ်တပ်ကို ၆၀ မမ များ ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အင်အား ၂၀၀ ခန့်နဲ့ အထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ရှိရာနေရာကို ၆၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၃ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။