ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း(၈၀) ရေနစ်မြုပ်ပြီး လယ်ဧက (၃၀,၀၀၀)ကျော် ရေလွှမ်းမိုးခဲ့ရတဲ့အပြင် စာသင်ကျောင်း (၃၇)ကျောင်း ကျောင်းတက်မရဘဲ ယာယီကျောင်းပိတ်ထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ(၂၄)ရက်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းပြီး စစ်တောင်းမြစ် ရေကြီးရေလျှံမှုကြောင့် ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာအုပ်စု (၂၄) အုပ်စုက ကျေးရွာပေါင်း(၈၀) ရှိ အိမ်ခြေစုစုပေါင်း (၅,၄၉၅)လုံးက လူဦးရေ (၂၈,၁၆၂) ယောက် ရေဘေးဒုက္ခကို ခံစားနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါကျေးရွာတွေမှာ လယ်စပါးစိုက်ပျိုးထားတဲ့ လယ်ဧက (၃၀,၀၀၀)ကျော်လည်း ရေတွေ လွှမ်းမိုးကာ နစ်မြုပ် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ မူလတန်းကျောင်း (၃၁) ကျောင်း၊ အလယ်တန်းကျောင်း (၅) ကျောင်းနဲ့ အထက်တန်းကျောင်း (၁) ကျောင်းမှာလည်း ရေကြီးရေလျှံမှုကြောင့် အခုအချိန်အထိ ကျောင်းတက်မရဘဲ ယာယီပိတ်ထားရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

“ရန်သူက သူတို့အလုပ်သူတို့စလုပ်နေပြီ၊ ကျနော်တို့ကလည်း ကိုယ့်အလုပ်ကို ဆက်လုပ်ရမယ်“ (ပြည်သူကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကိုရဲ့ မိန့်ခွန်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ (၃၃) ၊ ဒေါနတပ်ရင်းက ဦးစီးကျင်းပပြုလုပ်တဲ့ စနိုက်ပါ (Sniper) သင်တန်းရဲ့ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မာနယ်ပလောကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings တရားဝင်ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်းရှိရာ မာနယ်ပလောစခန်းကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်နှင့် KNLA တို့အကြား ဧပြီလ ၁ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် (၂) ဦးအပါ (၃၉) ဦး သေဆုံး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) အမှတ် (၅) တပ်မဟာတို့ကြား ဧပြီလ ၁ လတာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် (၂) ယောက်အပါအဝင် (၃၉) ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမခကို ပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် ၁ယောက် အပါအဝင် အများအပြားသေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကနေ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဆီ ဓားစာခံတွေနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ရာ ဒုတပ်ကြပ် ၁ယောက် အပါအဝင် အများအပြားထိခိုက်သေဆုံးကြောင်း Ba Thu Kyawal Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လားရှိုးမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မယ်ဟန်ရွာက ရွှေမြင်းနှစ်ကောင် စက်ရုံကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီက ရေဘေးသင့်ပြည်သူတွေအတွက် အမှတ် ၁၀၀၅ တပ်ရင်း (ရှမ်းတောင် PDF) ထောက်ပို့ပံ့ပိုးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၅) တပ်ရင်း၊ ရှမ်းတောင် (SSPDF)က ရေဘေးသင့် ပြည်သူများလိုအပ်နေတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေက ပေးပို့လာတဲ့ ဆန်၊ဆီ နဲ့ခေါက်ဆွဲခြောက် (စားနပ်ရိက္ခာတချို့)ကို ‌ကရင်နီဒေသအတွင်းမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။