ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျောက်မဲမြို့၊ ရပ်ကွက် (၆) ရှိ စျေးသစ်ဝန်းကျင်ကို ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်ချော ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဆေးခန်း (၁) ခန်း၊ နေအိမ် (၃) လုံးနဲ့ ကား (၁) စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ (၆) ရက်ကနေ မနေ့ကအထိ လေကြောင်းကနေ (၈) ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့ရှိ အမျိုးသမီး (၄) ယောက်နဲ့ အမျိုးသား (၁၃) ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၄၂) လုံး၊ စာသင်ကျောင်း (၁)ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၁)ကျောင်းလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါခရိုင်အတွင်း စစ်အုပ်စုက လေးရက်ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေပြီး ထိခိုက်ပျက်စီးမှုများ ရှိနေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်လု​ပ်​ဆောင်နေတဲ့အတွက် ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိအောင် အရပ်သားတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးပြီး၊ သတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

စစ်တပ် သတင်းပေး မလုပ်ဖို့ သတိပေးကာ ပြန်လွှတ်ပေးခဲ့သည့် ပျူစောထီး ဒီတစ်ကြိမ် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအကြောင်း စစ်အုပ်စုထံ သတင်းမပေးဖို့ သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတဲ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။
Read More

ရေဖြူမြို့နယ်၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၆ ဦးထက်မနည်း သေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေါနတပ်ရင်းလက်အောက်ရှိ Laungline Peninsula Force (LPF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့များကို ဆဲဆိုပြီး သီချင်းဆိုနေသည့် စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်က စစ်ကော်မရှင်တပ်သားတွေ ဆဲဆိုပြီး သီချင်းဆိုနေချိန် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေဖြူမြို့နယ် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၄ ယောက် သေပြီး ၁၅ ယောက် ဒဏ်ရာရ၊ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှာလည်း ၁၀ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၄ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်ထားပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွင် အဓိက ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၄၀၀ ကျော် ဖမ်းဆီးရရှိခဲ့ ဟု စစ်ကောင်စီ ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။