ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ တောင်စုတိုက်ပွဲနဲ့ ကျောက်ကြီးမြို့နယ်၊ တော်ဝိတိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို နေရပ်ဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း (၂၆) ယောက်ကို စစ်စည်းကမ်းဥပဒေနဲ့အညီ တပ်ရင်း(၉)ထး မှာ ထိန်းသိမ်းထားကာ အိမ်ပြန်လိုသူတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့သလို လုံခြုံရေးအရ ပြန်လို့မရသူတွေနဲ့ မပြန်လိုသူတွေကိုတော့ အလုပ်အကိုင်ရှာဖွေပေးကာ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ KNU က ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း အများစုဟာ မတရားစစ်မူထမ်း စုဆောင်းခံရသူတွေဖြစ်ပြီး စစ်မှုမထမ်းလိုတော့တဲ့ စစ်မှုထမ်းသက်တမ်းပြည့် စစ်သားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မူးမြို့နယ်၊ တောင်စုကျေးရွာမှာ စစ်ကြောင်းထိုးအထိုင်ချခဲ့တဲ့ စစ်ကောင်စီတပ်ကို ဇွန်လ (၂၅) ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်း(၂၃) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လယ်ဒိုမြို့နယ်၊ တော်ဝိကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်း(၃) ယောက်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

KNU ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

စစ်ကောင်စီက ကယားပြည်နယ်နေ့ ကျင်းပပြီး နောက်တစ်နေ့ စစ်ရှောင်စခန်းကို ဗုံးကြဲ၊ စစ်ဘေးရှောင်မောင်နှမ အပါအဝင် ၃ ယောက် သေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Loikaw Local PDF ထံက သိရပါတယ်။
Read More

မန္တလေးတိုင်းရှိ NUG စိုးမိုး‌ကျေးရွာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုး‌ကျေးရွာတွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် BLDF ရဲဘော် အောင်ဖြိုးဝေ၏ စျာပန

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF  ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးရဲ့ စျာပနအခမ်းအနားကို ဧပြီ ၆ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သဘာ၀ဘေးမှာ အသုံးပြုဖို့ ထိုင်းက ဘတ် ၁၀ သိန်း တန်ဖိုးရှိ မြေတူးကား လှူဒါန်း၊ စင်ကာပူအဖွဲ့ကလည်း ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခဲ့

မြန်မာနိုင်ငံကို ရောက်ရှိပြီး ငလျင်ဘေးမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ ထိုင်းနဲ့ စင်ကာပူ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးပစ္စည်းတွေ အသီးသီးလှူဒါန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ် အရာရှိ ၂ ဦးနှင့် စစ်သား ၃၀ ဦးကျော် သေဆုံး

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အင်အား ၈၀ ခန့်နဲ့ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က အရာရှိ ၂ ယောက်နဲ့ စစ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းရဲစခန်းကို ရာထူးတိုး ပြောင်းလာသည့် ၂ ပွင့် ရဲအရာရှိ ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။