စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနဲ့ တွဲတွန်းသင်္ဘောအုပ်စုကို ရှေ့ထွက်မိုင်းတွေ ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (CFG) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၃ ရက်က ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ စစ်သင်္ဘော ၁ စီးနဲ့ တွဲတွန်းသင်္ဘော ၁၀ စီးကို ရှေ့ထွက်မိုင်း ၃ လုံးပွိုင့် ၁ ပွိုင့်နဲ့ ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေကလည်း သင်္ဘောပေါ်ကနေ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Fighter Group (CFG) နဲ့ Brave Heart Army – (B.H.A) အဖွဲ့တို့ ပူး ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Chindwin Fighter Group(CFG)

0 Shares:
You May Also Like
Read More

ချောက်မြို့နယ်အတွင်း နိုင်ငံရေးအကျဥ်းသားများပါလာတဲ့ ကားကို တိုက်ခိုက်ပြီး အကျဥ်းသား ရဲဘော် ၁ ဦးကို PDF များ ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း နိုင်ငံရေးအကျဥ်းသားတွေ တင်ဆောင်လာတဲ့ ကား ၂ စီးကို စောင့်ကြိုတိုက်ခိုက်ပြီး အကျဥ်းသား တော်လှန်ရေး ရဲဘော် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်း တာဝန်ရှိသူထံက သိရပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရသည့် စစ်သား ၇ ယောက် ဆားလင်းကြီးပအဖထံ အလင်းဝင် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရတဲ့ စစ်သား ၇ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ထားဝယ်တွင် တိုက်ပွဲဖြစ်ကာ စစ်ကားတစ်စီး ပျက်စီးပြီး စစ်သား ၂၀ ဦးထက်မနည်း သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၁၂ နာရီကြာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူမြို့ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှု လေတပ်အရာရှိ ၅ ဦး အပါအဝင် ၁၁ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့ရှိ စစ်ကောင်စီတပ်ရဲ့ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကာ အပျက်အစီးလည်း များပြားခဲ့တယ်လို့  Brave Warriors for Myanmar (BWM) က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂိတ်ချ ပိုက်ဆံတောင်းနေသည့် ရဲ ၂ ယောက် တိုက်ခိုက်ခံရပြီး ၂ယောက်လုံး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် လက်စွေ့ရွာမှာ ဂိတ်ချပြီး လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက်ကို မတ်လ ၁၂ ရက် မနေ့က တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံးသေပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF ထံက သိရပါတယ်။
Read More

Southern Eagle PDF ရဲ့ တော်လှန် သီတင်းကျွတ်ဆုတောင်း  (ရုပ်/သံ)

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ Southern Eagle PDF ရဲ့ တော်လှန်သီတင်းကျွတ်ဆုတောင်း ရုပ်သံကို အဆိုပါ အဖွဲ့က ထုတ်ပြန်လာပါတယ်။