မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ သြဂုတ်လ ၄ ရက်ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ အစည်းအဝေး (STAKEHOLDERS ENGAGEMENT MEETING ON MYANMAR- SEM) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က တက်ရောက်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

NLD ပါတီရဲ့ အဆိုပါသဘောထားကို အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တန်စရီအော့သ်မန်ဟာရှင်ကို ပေးပို့လိုက်တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရမယ်ဆိုတာ ယုံကြည်သလို မြန်မာ့ပြဿနာတွေ ပြေလည်စေရေးအတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်   ချမှတ်ကာ ကြိုးပမ်းဆောင်ရွက်နေမှုကို အသိအမှတ်ပြုကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ပြဿနာတွေ ဖြစ်လာရတဲ့ အရင်းအမြစ်ဟာ ထိုစဥ်က တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ခံ အရပ်သားပြည်သူ့အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ပေါ်ပေါက်လာရတာ ဖြစ်တာကြောင့် ပြဿနာအရင်းခံအကြောင်းဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ဆောင်ချက်မှန်သမျှကို အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်တာမပြုလုပ်ဖို့ လိုအပ်ကြောင်း NLD က ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကနေ လိုချင်တဲ့ရလဒ်ထွက်ပေါ် လာအောင် လူထုယုံကြည်ထောက်ခံတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးဖြစ်စဥ်တွေမှာ မပါဝင်နိုင်ဖို့ ဖယ်ထုတ်ထားတယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲမှာ ပြည်သူလူထုကို လွတ်လပ်စွာဆန္ဒမပြုနိုင်ဖို့ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလာတာကြောင့် ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ပေါ်ထွက်လာမယ့် ရွေးကောက်ပွဲမဟုတ်ကြောင်း ထင်ရှားနေတယ်လို့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင် ရာအထူးကိုယ်စားလှယ် တန်စရီအော့သ်မန်ဟာရှင်ကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံရေးလှည့်စားမှု အတုအယောင် ဟန်ပြရွေးကောက်ပွဲကျင်းပဖို့ ကြံစည်နေမှုကို ကန့်ကွက်တားဆီးတာကသာ ပိုမိုရှုပ်ထွေး ဆိုးဝါးလာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ အကျဥ်းထောင်တွေအတွင်း သေဆုံးမှုဖြစ်စဥ်တွေ ဆက်တိုက်ဖြစ်ပေါ်လာတဲ့အပေါ် နိုင်ငံရေးအကျဥ်းသားတွေကို အာဆီယံက ကာကွယ်ပေးနိုင်မယ့် အစီအစဥ်တွေ ချမှတ်ဆောင်ရွက်ပေးဖို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မေတ္တာရပ်ခံထားပါတယ်။

မြန်မာ့အရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစမရရှိနိုင်ဘူးလို့ အခိုင်အမာယုံကြည်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားကာ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေမှုတွေ ရပ်တန့်ရေးအတွက် လိုအပ်တဲ့ အစီအမံတွေ ချမှတ်ဆောင်ရွက်ပေးဖို့နဲ့ လူသား ချင်းစာနာထောက်ထားမှု အကူအညီတွေ ပိုမိုလုပ်ဆောင်ပေးဖို့ကိုလည်း NLD ပါတီက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်-စစ်တွေကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို AA ကစတင်တိုက်ခိုက်

စစ်တွေမြို့ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ရခိုင်ပြည်နယ်က စစ်ရေးစသတင်းအရင်းအမြစ်တွေထံကသိရပါတယ်။
Read More

တောင်သာတွင် စစ်ကူသွားသည့်ကားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်သား ၂ယောက်သေ၊ အရှင် ၁ဦးနှင့် လက်နက်ခဲယမ်းတစ်ချို့ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲမှာ စစ်ကူလာတဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း၁ယောက်၊ ကား၁စီးအပါအဝင် လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ (ရိုးမဗျူဟာ ၄) ၊ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး ကျဆုံးခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
Read More

ရခိုင်ဘက်ပို့ဆောင်ခံရချိန် ထွက်ပြေးအလင်းဝင်လာသည့် စစ်သက်တမ်း နှစ် ၂၀ ရှိ တပ်ကြပ် ၁ ဦးကို မုံရွာပကဖ စစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဆက်သွယ်ရေး ၆ တပ်ကနေ ရခိုင် စစ်မျက်နှာကို ပို့ဆောင်ခံရတဲ့ စစ်ကော်မရှင် တပ်ကြပ် ၁ ယောက် ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ရင် တိုင်ကြားနိုင်တယ်လို့ အမှတ် (၁၂၂၂) တပ်ရင်း ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၂၂၂) တပ်ရင်းက ရဲဘော်တွေ ပြည်သူထုအပေါ် ကျင့်ဝတ်ဖောက်ဖျက်ရင် လာရောက်တိုင်ကြားနိုင်ကြောင်းကို ထုတ်ပြန်ကြေညာပါတယ်။
Read More

တညောင်တိုက်နယ်ရဲစခန်းကို စလင်းပကဖ သိမ်းပိုက်မီးရှို့၊  ရဲ ၈ ဦး သေပြီး  ၂ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒီနေ့ (ဇူလိုင် ၃၀) မနက်အစောပိုင်းမှာ စလင်းပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။