အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေ ဒီနေ့မနက်ပိုင်းမှာ သေဆုံးပြီးနောက် ဩဂုတ်လ ၇ ရက်ကနေ ၉ ရက်အထိ ကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ကြေညာကြောင်း ကာလုံက ထုတ်ပြန်ပါတယ်။

ကာလုံမှာ ယာယီသမ္မတ ရာထူးယူထားတဲ့ အသက် ၇၅ နှစ်အရွယ် မြင့်ဆွေဟာ ဒီနေ့မနက်ပိုင်းမှာ သေဆုံးသွားတာဖြစ်ပါတယ်။

စစ်အုပ်စုခန့် ယာယီသမ္မတ မြင့်ဆွေဟာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ် အာဏာမသိမ်းခင်အထိ NLD အစိုးရသက်တမ်းတလျှောက် ဒုသမ္မတ တာဝန်ကို ထမ်းဆောင်နေခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရှင်ဟောင်း သန်းရွှေလက်ထက် ၂၀၀၇ ရွှေဝါရောင်သံဃာ့သပိတ်ကိုလည်း ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူထားတဲ့ မြင့်ဆွေဟာ ရဟန်းရှင်ပြည်သူတွေကို ကိုယ်တိုင်ကွင်းဆင်းကာ ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းခဲ့သူ ဖြစ်ပါတယ်။

ဒုသမ္မတ ဦးမြင့်ဆွေဟာ မင်းအောင်လှိုင်နဲ့အတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ)အစည်းအဝေး ခေါ်ယူကာ နိုင်ငံ‌တော်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းပေးခဲ့ကာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုကို ဦးစီးဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါတွင် ရွေးကောက်ပွဲအတုကို စိတ်ဝင်စားမှု မရှိသည့်အတွက် မဲစာရင်းသွားကြည့်သူ မရှိသလောက်ဖြစ်နေသည့်အပေါ် စစ်အုပ်စုက ဖိအားပေးနေ

"မြို့ပေါ်မှာ မဲစာရင်းတွေကို ပြန်ကြေညာထားပေမဲ့ သွားကြည့်တဲ့သူ အဆမတန်နည်းပါတယ်။ မဲစာရင်းကို လာမကြည့်ကြတော့ စစ်တပ်နဲ့အပေါင်းအပါတွေက ညဘက်တွေမှာ မြို့ပေါ်ရပ်ကွက်တွေထဲ ဧည့်စာရင်းဝင်စစ်တယ်။ အဲ့လိုစစ်ရင်းနဲ့ မဲစာရင်းသွားကြည့်သေးလား၊ မကြည့်ဘူးလားဆိုတာတွေပါ စစ်ပါတယ်" လို့ မြို့ခံတစ်ယောက်ကပြောကြားခဲ့ကြောင်း ယောအလင်းတန်း ဆိုပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းအရ အင်းစိန်ထောင်မှ ၁၉၀ ကျော် လွတ်မြောက်

အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ပုဒ်မ ၅၀၅  (က) နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရသူတွေထဲက အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၃၀၈၅ ယောက်ကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းခွင့်ပေးမယ်လို့ မနေ့က ကြေညာခဲ့အပြီး ဒီနေ့မှာ အင်းစိန်အကျဉ်းထောင်က အယောက် ၁၉၀ ကျော် လွတ်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုရဲ့ မြေပြင် ဝေဟင်စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကန့်ဘလူ သင်တောရွာအတွင်း စစ်အုပ်စု တပ်စွဲထားမှုကြောင့် အရပ်သား တစ်သောင်းနီးပါး မိုးထဲရေထဲ စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်မှာ အကြမ်းဖက်စစ်အုပ်စု အထိုင်ချတပ်စွဲဲထားမှုကြောင့် တိုက်နယ်၂ ခုက အရပ်သား ၁ သောင်းနီးပါး မိုးထဲရေထဲ စစ်ဘေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ မကျင်းပနိုင်ရေး အစွမ်းကုန် တားဆီးသွားမည်ဟု DMO Local PDF ထုတ်ပြန်

မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် အစွမ်းကုန် တားဆီးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက ထုတ်ပြန်လိုက်ပါတယ်။
Read More

KIA ပစ်ချမှုကြောင့် စစ်ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်ကျခြင်း စက်ချို့ယွင်းပြီး ပျက်ကျသည်ဟု စစ်ကောင်စီ လိမ်လည်ထုတ်ပြန်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ် ပစ်ချမှုကြောင့် ပျက်ကျသွားတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ရဟတ်ယာဉ်ကို စက်ချို့ယွင်းမှုကြောင့် ပျက်ကျတယ်လို့ စစ်ကောင်စီက မနေ့က ညပိုင်းမှာ လိမ်လည်သတင်းထုတ်ပြန်ထားပါတယ်။