နွားထိုးကြီး PDFရဲ့ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၃ ရက် ဒီနေ့မှာ ကျင်းပခဲ့ပြီး မွမ်းမံသင်တန်းဆင်း ရဲဘော်တွေကို မဟာမိတ်အဖွဲ့က လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ နွားထိုးကြီး PDF (မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်း)က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်းက တတ်စွမ်းသမျှ အားသွန်ခွန်စိုက် ကြိုးစား လျှောက်လမ်းနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မွမ်းမံသင်တန်းဆင်း ရဲဘော်တွေအတွက် လက်နက်တွေ တပ်ဆင်ပေးခဲ့တဲ့ မဟာမိတ်အဖွဲ့ကို နွားထိုးကြီး PDF (မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်း)က ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြားတွင် စစ်အုပ်စု မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၄ ဦး သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ တောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲမြို့နယ်ကြားမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အကြမ်းဖက်စစ်သား ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

DKBA ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်း၊ လက်နက်များစွာ သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းရာ DKBA တပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်များစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြမ်းဖက် စစ်ခေါင်းဆောင် မန္တလေးမြို့ကို ရောက်နေချိန် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်ရှိနေချိန် တော်လှန်ပြည်သူတွေက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မတရား စုဆောင်းခြင်းခံထားရသူအများစုပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင်ဖွင့်လှစ်

အတင်းအကျပ်စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံထားရသူအများဆုံး ပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင် သင်တန်းပေးနေပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ငါန်းဇွန်မှာ နှစ်သစ်ကူးည စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် မိသားစုဝင် ၅ယောက်သေဆုံးပြီး ၂ လောင်းသာ ပြန်ရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ နှစ်သစ်ကူးညပိုင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သားကျင်ကျေးရွာနေ မိသားစုဝင် ၅ ယောက် သေဆုံးကာ အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၆ ယောက်အထိ ရှိခဲ့ကြောင်း သိရပါတယ်။
Read More

ဖားကန့်တိုက်ပွဲအတွင်း စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ရှရောခရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက သြဂုတ်လ ၁ ရက်နေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။