ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (MRO/CDF-MATUPI) က ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မယ့် အခြေခံ စစ်ပညာသင်တန်း (အပတ်စဉ်-၂/၂၀၂၅) အတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

MRO/CDF-MATUPI မှာ တာဝန်ထမ်းဆောင်ဖို့ မျိုးချစ်လူငယ် သင်တန်းသား အသစ်တွေကို စတင်ခေါ်ယူနေတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပါဝင်လိုသည့် လူငယ်တိုင်း လာရောက် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

လျှောက်ထားချင်တဲ့ သင်တန်းသားအသစ်တွေအနေနဲ့ အသက် (၁၈-၃၅) နှစ် အတွင်း ဖြစ်ဖို့ လိုအပ်ပြီး ကိုယ်လက် အင်္ဂါပြည့်စုံကာ ကျန်းမာရေး ကောင်းမွန်သူဖြစ်သလို တပ်စည်းကမ်း လိုက်နာနိုင်သူဖြစ်ရမယ်လို့ MRO/CDF-MATUPI က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မှာ ငလျင်ကြောင့် ဘဏ်နှင့် ပုဂ္ဂလိကလုပ်ငန်းများ နေ့တစ်ဝက်ရပ်နား၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအများစု ပြတ်တောက်နေ

ကြီးမားတဲ့ ငလျင်လှုပ်ပြီးရင် နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နိုင်တာကြောင့် ရန်ကုန်က  စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေကို နေ့တစ်ဝက် ရုံးပိတ်ကာ ဝန်ထမ်းတွေကို ပြန်ခွင့်ပြုနေတယ်လို့ သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်းက သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်း အောက်တိုဘာ ၁၇ ရက် မနေ့ညပိုင်းက ပြုလုပ်ခဲ့တဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲမြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ်အခြေစိုက် စကခ (၁၃) နှင့် ခလရ (၄၃၂)တပ်ရင်းမှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်မဲ့ အလင်းဝင်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၁၃) နဲ့ ခလရ (၄၃၂) တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ် ၃ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော်နှင့် ပြည်သူ့သားတပ်တော်တို့ ပူးပေါင်းပြုလုပ်သည့် ‌အပတ်စဉ်(၄) အခြေခံ စစ်သင်တန်းဆင်းပွဲ

ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA) နဲ့ ပြည်သူ့သားတပ်တော်(P.S.F)တို့ မဟာမိတ်အဖြစ် ပူးပေါင်းပြုလုပ်ခဲ့တဲ့ ‌အခြေခံစစ်သင်တန်း အပတ်စဉ်(၄) ရဲ့ သင်တန်းဆင်းပွဲကို မတ်လ ၁၀ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းပြည်နယ်နှင့် ချင်းတစ်မျိုးသားလုံးကို ကာကွယ်ပေးနိုင်သည့် တပ်မတော် တိုးမြှင့်ဖွဲ့စည်းရေး ချင်းညီနောင် သဘောတူညီချက် ချမှတ်

ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေ ပေါင်းစည်းကာ ချင်းပြည်နယ်နဲ့ ချင်းတစ်မျိုးသားလုံးကို ကာကွယ်‌ပေးနိုင်ပြီး ပိုမိုကျစ်လျစ်ခိုင်မာတဲ့ (Standard Army) တပ်မတော်ကို တိုးမြှင့် ဖွဲ့စည်းသွားဖို့ သဘောတူညီချက်ချမှတ်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က မေလ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

အင်းလေး‌ဒေသမှာ ငလျင် ဘေးဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်က အင်းလေးတောင်ခြမ်းရှိ ကျေးရွာများကို ဒရုန်း၊လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသမှာ ငလျင် ဘေးသင့်ဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က အင်းလေးတောင်ခြမ်းရှိ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးလူ့အခွင့်အရေးက ထုတ်ပြန်ထားပါတယ်။