မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကြအိုကျေရွားမှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဒုစစ်ကြောင်းမှူးအပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ Black Eagle PDF -Bagan မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၃၁ ရက်က ဂန့်ဂေါရွာမှ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ဦးမြို့နယ် ကြအိုကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူများ ပစ္စည်းများကို ခိုးယူခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းကို သြဂုတ် ၁ ရက်က ကြအိုကျေးရွာက ပြန်ထွက်လာချိန် တော်လှန် ရေးရဲဘော်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဒုစစ်ကြောင်းမှူးအပါအ ဝင် အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ် ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video-Black Eagle PDF -Bagan

0 Shares:
You May Also Like
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်း ကျင်းပပြီးစီး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သင်တန်းဆင်းပွဲမှတ်တမ်းဗီဒီယိုဖိုင်ကို နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းမူမှာ စစ်တပ်အထိုင်စခန်းကို ဗုံးသီးကြဲချတိုက်ခိုက်ရင်း သိန်း ၃၅၀ တန်ဖိုးရှိ ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့ မြောက်ဘက်က ရွှေတောင်ဆီဆိုင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force - MMU အဖွဲ့ထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် မောတောင်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းထိုးကာ အပြင်းအထန်တိုက်ခိုက်လာတဲ့အတွက် ဒေသခံပြည်သူတွေ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အင်းတော်မြို့ကို KIA နှင့် ပူးပေါင်းတပ်များ အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် ညပိုင်းမှာ အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်း PLA ထပ်မံထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ (၂) ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ လာတဲ့ စစ်ရေယာဉ်အုပ်စုကို ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ One Star Task Force - OSTF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။