အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်မှာ အရပ်သားပြည်သူတွေကို အကြောင်းမဲ့စစ်ဆေးဖမ်းဆီးနေပြီး၊ ကျန်းမာရေးမကောင်းပဲ အိပ်ရာထဲလဲနေသူတွေပါမကျန် ဖမ်းဆီးခံနေရတယ်လို့ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဩဂုတ်လ ၁ရက်၊ မနေ့ကမနက်အစောပိုင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက အမှတ် (၇)ငါးရာပြည့်ရပ်နေ သုံးဘီးမောင်းသူ ကိုအောင်ခိုင်ဆိုသူကို နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့ရာ၊ ကာယကံရှင်ကို မတွေ့တာကြောင့် အိပ်ယာထဲ လဲနေတဲ့ ကင်ဆာဝေဒနာရှင်ဖြစ်သူနဲ့ ဗိုက်ကြီးသည်ပါမချန် နေအိမ်ရှိလူအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့‌တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ ညပိုင်းမှာပဲ အမှတ် (၅) ရွှေဘုန်းပွင့်ရပ်ကွက်မှာ အိမ်ငှားလာရောက်နေထိုင်နေတဲ့ အရပ်သား ၅ယောက်ကို သေနတ်ပစ်ဖောက်ကာ ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

“ရေစကြိုက ၆၃ မြို့နယ်ထဲပါလို့ ရှက်ရမ်းရမ်းပြီး လုပ်နေတာလို့ ယူဆရပါတယ်။ အခုဆို မြို့ပေါ်နေပြည်သူတွေအဖို့ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေကြရတာပါ။

ဖမ်းတဲ့ကောင်တွေကလည်း ရေစကြိုရုံးပေါင်းစုံထဲကရော မြို့မရဲစခန်းထဲကရောပါ။ သူတို့က မြို့ပေါ်မှာ ၆ နေရာလောက် နေရာခွဲပြီး နေကြတာ” လို့ အဆိုပါ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပုံစာ- စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ပုံဟောင်း)

အခုရက်ပိုင်းအတွင်း ရေစကြိုမြို့ပေါ်ကို ကျေးရွာတွေကနေ စျေးလာရောက်ဝယ်ယူတဲ့ အရပ်သားတွေကို စစ်ကောင်စီနဲ့အပေါင်းအပါတွေက နေ့စဥ်ဖမ်းဆီးနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေစကြို ဖူလုံတပ်က ထွက်လာတဲ့ အင်အား၁၀၀ပါ အကြမ်းဖက်စစ်ကြောင်းကြောင့် ဇီးတော၊ ဆည်ရွာ၊ သဲပုံ၊ ရွာထောင်၊ တဲကြီးမဲ့၊ ရွာသစ် စတဲ့ကျေးရွာများနေ အရပ်သားတွေဟာ ညအချိန်မတော် ထွက်ပြေးတိမ်းရှောင်ရတာမျိုးတွေ ရှိခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းဟာ နယ်မြေချင်းထိစပ်နေတဲ့ မြိုင်မြို့နယ် လင်းကတောကျေးရွာ က စစ်တပ်စခန်းဆီ ရိက္ခာပို့ဆောင်တာဖြစ်ပြီး ဖြတ်သန်းသွားရာ ကျေးရွာတွေက ဆန်၊ ဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေကို ရွာထဲထိဝင်ရောက် ခိုးယူသယ်ဆောင်သွားတာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်ဟာ မြို့ပေါ်ပတ်ဝန်းကျင်နဲ့ မြို့အနောက်ဘက် ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းတွေမှာလောက်ပဲ စစ်ကောင်စီက နယ်မြေစိုးမိုးနိုင်တော့တာဖြစ်ပြီး၊ စစ်ကောင်စီတပ်ရင်းတွေကနေပြီး နေ့စဥ်နဲ့အမျှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ၊ ပေါ်တာဆွဲ ဖမ်းဆီးတာတွေကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ပင်လည်ဘူးမြို့က အောင်ပွဲရ ရဲဘော်တွေကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက် တွေ့ဆုံ အားပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို အောက်တိုဘာလ (၁၀) ရက်မှာ သွားရောက် တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါး ရှိလာပြီဟု စစ်ကောင်စီ ထုတ်ပြန်

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ ပြင်းထန်ငလျင်ကြောင့် ဧပြီလ ၂ ရက် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၂၈၈၆ ယောက် ရှိလာပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
Read More

အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀ လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်က လူငယ် ၂၀လောက်ကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးဖို့ စစ်ဆေးခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်မှာ စစ်ကောင်စီခန့် အုပ်ကြီးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲတွေ ကျင်းပကာ ပေါ်ပေါ်တင်တင် လောင်းကစားလုပ်နေကြ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲ (လောင်းကစားပွဲ) တွေကို ကျင်းပပြုလုပ်နေတယ်လို့ဒေသခံတွေကမောင်းကိုပြောပါတယ်။
Read More

မြင်းခြံမြို့ပေါ်တွင် အထိုင်ချထားသည့် စစ်အုပ်စု၏ SP ရုံးတိုက်ခိုက်ခံရပြီး သုံးပွင့်ဗိုလ် ၂ ဦးအပါ ၇ ဦးသေဆုံး

“ စခတွေဘက်ကသေဆုံးမှုကိုတော့ ပြောပြလို့မရတဲ့ သတင်းအရင်းအမြစ်တွေကနေသိရတာပါဗျ၊ နာမည်တွေပါ အတိအကျသိပါတယ် ထုတ်ပြန်ဖို့အခက်အခဲရှိလို့ပါဗျ ပစ်ခတ်မှုဖြစ်ပြီး ည ၁၂ နာရီ လောက်မှာ ပျူတွေမြို့လယ်ခေါင်မှာ သေနတ်တွေဖောက်ပါတယ် ” လို့ ထနောင်းမြေစစ်ကြောင်းမှ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁၅ ယောက် သေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ လနဲ့ချီပြီး တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၁၅ ယောက် သေဆုံးပြီးလက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။