စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးသွားခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃မှ သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁ ရက် မနေ့နေ့လယ်ပိုင်း ချောင်းဦးမြို့နယ် ဂွေးပင်တောမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ နတ်ရေကန်စခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ပူးပေါင်းပြီး မုံရွာ-မန္တ လေးလမ်းပိုင်းမှာ မိုင်းရှင်းဖို့နဲ့ ကင်းပတ်ဖို့ ပူးပေါင်းထွက်လာခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်တွေ ထောင်ထားတဲ့ မိုင်း ၁၀ လုံးတွဲ ပွိုင့် ၅ ပွိုင့်အနက် ၃ ပွိုင့် (မိုင်းအလုံး၃၀)ကို ရှင်းလင်းပြီး ဆက်လက် ထွက်လာချိန် ပွိုင့် ၂ ပွိုင့် (မိုင်းအလုံး ၂၀)ကို ဖောက်ခွဲတိုက်ခိုက်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းမှ စစ်သား ၃ ယောက်သေဆုံးသွားတယ်လို့ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းကို စစ်ကောင်စီတပ်မစိုးမိုးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမှာဖြစ် ပြီး စစ်ရေးပူးပေါင်းဖော်ဆောင်ကြမယ့် တော်လှန်ရေးတပ်ဖွဲ့များကို လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃မှ ဖိတ်ခေါ်ထားပါတယ်။

Video-လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ် ကျောက်ပြုတ်ပျူစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်အုပ်စု ၁၀ ဦးခန့်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ပျူစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ် သား အများအပြားသေဆုံးခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

“သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”

"သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်၊ မဲမပေးဘဲ သပိတ်မှောက်”
Read More

မြင်းခြံခရိုင်အတွင်း စစ်ဘေးရှောင်မိသားစု ကျန်ရစ်ခဲ့တဲ့ အဘွားအိုကို PDF ရဲဘော်များ ကယ်တင် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဝင်လာတဲ့အတွက် စစ်ဘေးရှောင် မိသားစုကျန်ရစ်ခဲ့တဲ့ အဘွားအိုကို ကယ်တင်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၃ ရဲဘော်တစ်ယောက်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

ပြည်သူများ၏ ဆေးဝါးကူညီပံ့ပိုးမှုများကို ရှေ့တန်း သွားရောက်ပို့ဆောင်ခဲ့သည့် မှတ်တမ်းရုပ်သံ မိုးကုတ်ပကဖ ထုတ်ပြန်

ရှေ့တန်းရဲဘော်တွေအတွက် လိုအပ်နေတဲ့ ဆေးဝါးတွေကို ပြည်သူတွေရဲ့ ကူညီထောက်ပံ့ပေးမှုနဲ့ သွားရောက်ပို့ဆောင်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို မိုးကုတ်မြို့နယ်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာ-မိတ္ထီလာလမ်းပေါ်က ရုံးစဉ်ကြီးရဲစခန်းကို စီးနင်းတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာ-မိတ္ထီလာလမ်းပေါ်မှာရှိတဲ့ ရုံးစဉ်ကြီးရဲစခန်းကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာ ပကဖ ထံက သိရပါတယ်။
Read More

ဂိတ်ချ ပိုက်ဆံတောင်းနေသည့် ရဲ ၂ ယောက် တိုက်ခိုက်ခံရပြီး ၂ယောက်လုံး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် လက်စွေ့ရွာမှာ ဂိတ်ချပြီး လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက်ကို မတ်လ ၁၂ ရက် မနေ့က တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံးသေပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF ထံက သိရပါတယ်။