ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမရှိ၊ ဆွာဆည်ရှင်းလင်းဆောင်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူတွေအပါ ၆​ယောက်သေဆုံးပြီး လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်က ဆွာမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ဆွာတမံ ၊ ရှင်းလင်းဆောင်အတွင်း အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတ​ပ်ပေါင်းစုတွေက မိနစ် ၄၀ ကြာ ဝင်ရောက်တိုက်ခိုက်ရင်း စခန်းတစ်ခုလုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“စစ်​တောင်းမြစ်ဝှမ်းစစ်​ဆင်ရေးနဲ့ ပဲခူးရိုးမစစ်ဆင်ရေးတွေထဲက တစ်ခုအနေနဲ့ ပဲခူးရိုးမထဲတည်ရှိတဲ့ ဆွာဆည်က စစ်ကောင်စီတပ်ကို သွားတိုက်ခဲ့တယ်ပေါ့။ အကြမ်းဖျဥ်းအားဖြင့် ဒီလောက်ပဲ ပြောလို့ရပါတယ်။ စကစဘက်ကဒဏ်ရာရပြီး ထွက်ပြေးတာ ၉ ယောက်ထက်မနည်း ရှိပါတယ်။ သေဆုံးတာကတော့ ဖော်ပြထားပြီးသလိုပါ။”လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်‌‌ဌာန၊ ဗျူဟာ(၂၁) ၊ အမှတ်(၃၅၀၁)တပ်ရင်း နဲ့အတူ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PIO/PIA နဲ့ ACDF ( Asho Chin Defense Force) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“ဆွာမြို့နယ်ထဲမှာရှိတဲ့ ဆွာတမံပေါ်က ရန်သူ့အထိုင်စခန်းကို အလစ်အငိုက်ယူပြီး ဝင်ရောက်သိမ်းပိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန် ခန့်မှန်း မိနစ် ၄၀ လောက်ကြာပါတယ်။ ဟုတ်ပါတယ် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရှေ့မှာလည်း တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း​တို့နဲ့ ပေါင်းပြီးစစ်ရေးဖော်ဆောင်ခဲ့တာတွေအများကြီးရှိခဲ့ပေမယ့် အခုမှ လူထုကိုချပြတာပါ။” လို့ တိုက်ပွဲဖော်ဆော်ရာမှာပါဝင်ခဲ့တဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူကလည်း မောင်းသတင်းဌာနကို ပြောပါတယ်။

တိုက်ပွဲအပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေဆီက လက်နက်ငယ် (၆) လက်အပါအဝင် လက်နက်ငယ်ကျည်တွေ စစ်သုံးပစ္စည်းတွေကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့ပြီး စစ်တပ်အထိုင်စခန်းကိုပါ တစ်ခါတည်း ရှင်းလင်းဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရှိရသော သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ…
0 Shares:
You May Also Like
Read More

ပန်ရပ်ကျေးရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇နှစ်အရွယ် ကလေးများ အပါအဝင် ၅ ဦး သေဆုံး 

မွန်ပြည်နယ် ကျိုက်မရောနဲ့ ကရင်ပြည်နယ် ကော့ကရိတ် အစပ်မှာရှိတဲ့ ပန်ရပ်ကျေးရွာမှာ ကလေးတွေစာသင်နေတဲ့ နေအိမ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇နှစ်အရွယ် ကလေး ၂ယောက် အပါအဝင် ၅ယောက် သေဆုံးသွားတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ထံက သိရပါတယ်။ 
Read More

စဉ့်ကူးမြို့ကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

အာဏာသိမ်း စစ်တပ်က စဉ့်ကူးမြို့ပေါ် ကို ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က မောင်းကိုအတည်ပြုပြောကြားပါတယ်။
Read More

ဆားလင်းကြီးနယ်တွင် အကြမ်းဖက် စစ်ကော်မရှင် စက်တပ်လေထီးဖြင့် ပစ်ခတ်လို့ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ခလရ ၂၅၁ တွင် တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းတပ်သားတစ်ဦး ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ မြိုင်မြို့ဘက်ကို ရိက္ခာကားတန်းနဲ့အတူလိုက်ပါလာတဲ့ ခလရ ၂၅၁ မှာတာဝန်ထမ်းဆောင်နေသူစစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ခဲယမ်းတွေယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၃၀၁၁ ဆီက သိရပါတယ်။
Read More

ကျိုက်မရောမှာ ကောက်ယူရရှိသည့် စစ်ကောင်စီထုတ် မိုင်း ၂ လုံးကို ထုခွဲတာကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ကောက်ယူရရှိတဲ့ အကြမ်းဖက်စစ်ကောင်စီထုတ် မိုင်း ၂ လုံးကို ထုခွဲရာက အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင်မြို့နယ်တွင် မင်္ဂလာဆောင်နေအိမ်ပေါ် စစ်ကောင်စီ ဗုံးကြဲ၊ သတို့သမီး အပါအဝင် ၁၀ ဦး သေဆုံးကြောင်း ကနဦး သိရ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်၊ ကျွန်းကြီးရွာရှိ မင်္ဂလာဆောင်နေအိမ်ပေါ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သတို့သမီးနှင့် ကလေးငယ် အပါအဝင် ၁၀ယောက် သေဆုံးကာ အယောက် ၂၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ ကနဦး သိရပါတယ်။