မန္တလေးတိုင်း ၊ မိုးကုတ်မြို့အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတဲ့အတွက် ထိခိုက်သေဆုံးသူ အများအပြား ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၂ ရက် ဒီနေ့ မနက် ၈ နာရီကျော်လောက်မှာ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်အုပ်စုက ပေါင် ၅၀၀ ဗုံးသီး နဲ့ လာရောက်ကြဲချခဲ့တာကြောင့် ဒေသခံ ၁၃ ယောက် သေဆုံးပြီး အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဒဏ်ရာရတဲ့သူက ၂၀ ကျော်လောက်ရှိတယ်ဗျ ၊ အများဆုံးကလမ်းပေါ်သွားရင်းထိခိုက်တာများတယ် ၊နေအိမ်ထိခိုက်မှုအရေအတွက်ကိုတော့ မသိရသေးဘူး ၊ ထွက်ပြေးတိမ်းရှောင်တာမျိုးတော့မရှိဘူး ၊ အရှေ့ပိုင်းမှာတော့ ပုံမှန်ပဲ သူ့ဟာသူလေးတော့ ပုံမှန်အတိုင်းတော့ သွားနေကြပါတယ်” လို့ မိုးကုတ်မြို့ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မိုးကုတ်မြို့ အဝင် ၊ အထွက်ကို ပြင်ဆင်နေတဲ့ လမ်းတွေကို ပိတ်ထားခဲ့တဲ့အတွက် ကားတွေ ဖြတ်သန်းလို့မရတာ‌ကြောင့် မြို့ခံတွေဟာ ထွက်ပြေးတိမ်းရှောင်လို့ မရဘူးလို့ ဆိုပါတယ်။

လေကြောင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ပညာပေးအသိပေးတာတွေ ရှိပေမယ့် လေကြောင်းကနေ လာရောက်ပစ်ခတ်တဲ့အချိန်မျိုးမှာတော့ လာရောက်သတိပေးနိုင်တာမျိုး မရှိဘူးလို့ အဆိုပါ မြို့ခံက ဆက်ပြောပါတယ်။

“လေယာဉ်အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ပညာပေးသတိပေးတာတွေတော့ ရှိတာပေါ့၊ လေယာဉ်လာတဲ့အချိန်က သတိပေးတာမျိုးတော့မရှိဘူး၊ လေယာဉ်ကအသံကြားတာ နဲ့ ကြဲပြီးသားဖြစ်သွားတာ၊ TNLA က လမ်းပြင်ဖို့ ဆိုပြီးတော့မှ မြို့ ၊ အဝင်အထွက်လမ်းတွေကို ပြင်ဖို့ကို ပိတ်ထားတာ ကားတွေကတော့ သွားလို့မရဘူး” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်‌ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၃ ယောက် သေဆုံးခဲ့သလို ၁၈ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဇူလိုင်လ ၃၁ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုးကုတ်မြို့အပါအဝင် မြို့ပေါင်း ၆၃ မြို့ကို အရေးအပေါ်အခြေအနေ ကြေညာလိုက်ပြီးနောက် မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာတာ ဖြစ်ပါတယ်။

ပုံစာ – မိုးကုတ်မြို့ အနောက်ခြမ်းကို စစ်အုပ်စုကလေကြောင်းတိုက်ခိုက်သွားပုံ
0 Shares:
You May Also Like
Read More

KIA ပစ်ချမှုကြောင့် စစ်ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်ကျခြင်း စက်ချို့ယွင်းပြီး ပျက်ကျသည်ဟု စစ်ကောင်စီ လိမ်လည်ထုတ်ပြန်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ် ပစ်ချမှုကြောင့် ပျက်ကျသွားတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ရဟတ်ယာဉ်ကို စက်ချို့ယွင်းမှုကြောင့် ပျက်ကျတယ်လို့ စစ်ကောင်စီက မနေ့က ညပိုင်းမှာ လိမ်လည်သတင်းထုတ်ပြန်ထားပါတယ်။
Read More

(၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်များကို ရာထူးတာဝန်အပ်နှင်းခြင်းနှင့် သင်တန်းဆင်းရဲ‌ဘော်သစ်များကို လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်

ဒီနေ့ ဩဂုတ်လ (၈) ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ်(MSRF) ရဲ့ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး MSRF ရဲဘော်တွေကို ရာထူးတာဝန်တွေ အပ်နှင်းကာ သင်တန်းဆင်း ရဲ‌ဘော်တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်မှာ စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ နေအိမ်များ ပျက်စီး…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်နဲ့ PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးတွေ တိုက်ခိုက်ရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များ ဒရုန်းဖြင့် ဗုံးသီး ၂၈ လုံး ကြဲချတိုက်ခိုက်၊ စစ်အုပ်စုက ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

" Scout ကင်းထောက်ဒရုန်းနဲ့ ကြည့်တာအရဆို သေတာ ၁ ကောင်နဲ့ ၃ ကောင်ဒဏ်ရာရပါတယ်။ အသေးစိတ်ကို စုံစမ်းဆဲပါ။ ခေါင်းဆောင် ဝါယမ ကတုံးကတော့ ပခုက္ကူစစ်ကြောင်း မလာခင်တည်းက နေပြည်တော်မှာ သွားရှောင်နေတာ။ အဲ့ကနေပဲ သူ့တပည့်တွေကို control လုပ်နေပါတယ်။" လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ချောင်းဦးမြို့အဝင် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အဝင်မှာရှိတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ထံက သိရပါတယ်။
Read More

စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ပြည်သူတွေရှိရာ ကျေးရွာများတွင် စလင်း ပကဖ လှည့်လည်ဖျော်ဖြေခဲ့ (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။