မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံမူကြမ်းရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့ဆီက သိရပါတယ်။
ဇူလိုင်လ ၃၁ ရက် ည ၁၀ နာရီ ၄၂ မိနစ်လောက်မှာ ဦးသန်းတင်ဟာ လူကြီးရောဂါ နဲ့ ကွယ်လွန်သွားပါတယ် ။ ၎င်းဟာ တော်လှန်ရေးနယ်မြေတစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုကို နည်းမျိုးစုံ နဲ့ တွန်းလှန်းခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

” လူကြီးရောဂါနဲ့ ကွယ်လွန်တာပါ ။ တော်လှန်ရေးနယ်မြေတစ်နေရာမှာ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တွန်းလှန်နေတုန်း ကွယ်လွန်သွားတာဖြစ်လို့ ဂုဏ်ပြုတဲ့အနေနဲ့ မြင့်မြတ်စွာ ကျဆုံးသည်လို့ ခေါ်ဝေါ်သုံးစွဲတာ ဖြစ်ပါတယ်” လို့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ရဲ ကမောင်း ကိုပြောပါတယ်။

ကွယ်လွန်သွားတဲ့ ဆရာဦးသန်းတင်ရဲ့ ရုပ်အလောင်းကို ဩဂုတ် ၁ ရက်နေ့မှာ သဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆရာဦးသန်းတင်ဟာ လက်ရှိကာလမှာ မကွေးဖက်ဒရယ်ယူနစ်ရဲ့ တော်လှန်ရေးကာလအတွင်း ကျင့်သုံးမယ့် ကြားကာလအစီအမံ ကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ က ရေးဆွဲနေတာဖြစ်သလို ၎င်းဟာ ဒီကော်မရှင်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။
ဒါ့အပြင် ဆရာ ဦးသန်းတင်ဟာ ကော်မရှင်မှာဆိုရင်လည်း အသက်အရွယ်နဲ့မလိုက်‌အောင် အမြဲတက်တက်ကြွကြွ ဆွေးနွေးတတ်သူတစ်ဦးဖြစ်တဲ့အတွက် ဆရာ ဦးသန်းတင် ကွယ်လွန်သွားခြင်းဟာ ကော်မရှင်အတွက် ကြီးစွာသော ဆုံးရှုံးမှုကြီးတစ်ခုလည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဆရာ ဦးသန်းတင် ပါဝင် ဆောင်ရွက်ခဲ့တဲ့ ကြားကာလ အစီအမံ ရေးဆွဲတဲ့ ကိစ္စ အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်ရေးအတွက် မကွေး ဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံ ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်က ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်လို့လည်း သိရပါတယ်။

ဆရာဟာ မကွေးဖက်ဒရယ်ယူနစ်၊ (မကွေးတိုင်း)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ မကွေးဖက်ဒရယ်ယူနစ်၊ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်၊ ချောက်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)၊ ယူနစ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပဲဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဆားတောင်တွင် နေအိမ်များ မီးရှို့သည့် အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ဦး သေပြီး လက်နက် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး သေနတ် ၂ လက် ရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်အနောက်မြောက်ဘက်ရှိ ကြက်မောက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁၆ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံး၊ ၆ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ခြောက်ယောက် ရှိခဲ့တယ်လို့ မြိုင်ပကဖက ဇန်နဝါရီလ ၇ ရက်နေ့ (ဒီနေ့) မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

မန္တလေးတိုင်းတွင် ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ပထမ ၆ လတာခန့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမြိုနယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၁၉ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှင်ပြုပွဲလုပ်မည့်နေအိမ် စက်တပ်လေထီးဖြင့် ဗုံးကြဲခံရ၊ မောင်ရှင်လောင်းနှင့် အလှူ့ဒါယိကာ သားအဖ အပါအဝင် ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်မှုကြောင့် ရှင်ပြုအလှူလုပ်မယ့် မိသားစုထိခိုက်ကာ ၁၂နှစ်အရွယ် ကလေးငယ် ၁ယောက်အပါအဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ယောက်ရှိခဲ့ကြောင်း Chaung U Revolution ထံက သိရပါတယ်။
Read More

ဘုတလင်မြို့သိမ်းတိုက်ပွဲအပြီး စစ်​အုပ်စုက အင်အားထပ်မံဖြည့်တင်းလျက်ရှိကာ တော်လှန်ရေးတပ်များနှင့် ထိတွေ့မှုများဆက်ရှိနေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်အုပ်စုက မြို့အတွင်း စစ်ကြောင်းအင်အားတွေထပ်မံဖြည့်တင်းနေပြီး တော်လှန်ရေးတပ်တွေနဲ့လည်း ထိတွေ့မှုတွေဆက်ရှိနေတယ်လို့ BDF -Budalin Defense Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။