အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Daly City မှာ Daly City ကျောင်းသားသမဂ္ဂက ဇူလိုင် ၂၇ ရက်မှာ ပြုလုပ်တဲ့ လူထုရံပုံငွေစျေးရောင်းပွဲမှာ ပါဝင်ခဲ့ပြီး ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါစျေးရောင်းပွဲမှာ ဇူလိုင် ၂၀ ရက်က အင်းစိန်ထောင်အတွင်း ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ် အလုပ်အမှုဆောင် ရဲဘော်ဝတ်ရည်အောင် အပါအဝင် နွေဦးတော်လှန်ရေးအတွင်း ဂုဏ်ရောင်ပြောင်စွာကျဆုံးခဲ့တဲ့ ဗကသရဲဘော်တွေဖြစ်တဲ့ ကိုညီမင်းသူ၊ ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်း၊ ကိုသုတနေတို့ကို ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ ကျောင်းသားရဲဘော်တွေကိုလည်း ဂုဏ်ပြုခဲ့သလို ပြည်ပရောက် ပြည်သူလူထုကိုလည်း နှိုးဆော်စည်းရုံးခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တွေ နိုင်ငံရေးထွက်ပေါက်ရှာတဲ့ အတုအယောင် ဖက်ဆစ်ရွေးကောက်ပွဲကို စုရုံးဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် စစ်မှန်ပြီးညီညွတ်တဲ့ တပ်ပေါင်းစုတရပ် ပေါ်ပေါက်လာအောင် ကြိုးပမ်းကြဖို့ နှိုးဆော်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

“သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲတဲ့ ဒီရဲဘော်တွေရဲ့စိတ်ဓာတ်ကို ကိုင်စွဲပြီး ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ပဲရှိပါတယ်။” လို့ ဗကသများ အဖွဲ့ချုပ်က ရေးသားဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းရဲ ဖမ်းဆီးမှုကို ထွက်‌ပြေးရင်း ယဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာ ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ နခွန်ပတွမ်ပြည်နယ်၊ ဘန်လမ်ခရိုင်မှာ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခွဲကျော်ခန့်က ယာဉ်မတော်တဆမှုကြောင့် မြန်မာနိုင်ငံသားအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ကနေဒါက  စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ဗိုလ်ချုပ်တွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအား Justice For Myanmar က ကြိုဆိုကြောင်း ထုတ်ပြန်၊ စစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက်တိုးမြှင့်လုပ်ဆောင်ဖို့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တဲ့ အပေါ် ကြိုဆိုကြောင်း Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…
Read More

တရားမဝင် မြန်မာလုပ်သားများကို မြန်မာစစ်တပ်ထံ ပြန်လည်မပို့ဆောင်ရန် ထိုင်းအစိုးရကို CRPH တောင်းဆို 

ထိုင်းအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံ ပြန်မပို့ဘဲ NUG ၊ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးဖို့ CRPH နဲ့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
Read More

ငလျင်ဘေးသင့်စဉ် အကူအညီပေးအပ်ခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်း မင်းအောင်လှိုင် ပြော

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်စဉ် အကူအညီတွေ ပေးအပ်ခဲ့တဲ့ အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံအနေနဲ့ မြန်မာလူထုအပေါ် စာနာစိတ်ထား ကူညီပေးဖို့နဲ့ ယာယီနေထိုင်ခွင့်ပေးရေး NUCC တိုက်တွန်းတောင်းဆို

လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဆီက ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူလူထုအပေါ် ထိုင်းနိုင်ငံအနေနဲ့ စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာလ ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။