အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေ အင်မတန် ကောင်းမွန်ပေမယ့် အခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင် ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ ၁၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

တော်လှန်ရေးသမားပီပီ ကိုယ်ကျိုးစွန့်ပြီး ပြည်သူတွေရဲ့ အနာဂါတ်ကို တည်ဆောက်နေတဲ့ NUG ဝန်ကြီးတွေအနေနဲ့ အခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။

“တချို့နေရာတွေမှာ reform လုပ်ရမှာဖြစ်ပါတယ်။ အဲလိုလုပ်လာတဲ့အခါမှာ ကျနော်တို့အားလုံးဟာ တော်လှန်ရေးသမားပီပီ အမှန်ကို ရပ်တည်လို့ ကိုယ်ကျိုးစွန့်ပြီးတော့ တိုင်းသူပြည်သားတွေရဲ့ အနာဂတ် တည်ဆောက်နေတဲ့သူတွေဆိုတာကို စိတ်နှလုံးထဲမှာ ယုံကြည်ချက် ကြီးကြီးမားမားနဲ့ ဆက်ပြီးတော့ ရပ်တည်သွားဖို့ ဖြစ်ပါတယ်။ အခုချိန်ထိ ဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေ တော်တော်ကောင်းတယ်လို့ပဲ ကျနော်ခံယူထားပါတယ်။ ဒါပေမယ့် ပိုမိုကောင်းမွန်လာအောင် လုပ်ရမှာဖြစ်ပါတယ်။ ဘယ်ဟာမှ အတည်တကျ မရွှေ့မပြောင်း မပြောင်းမလဲ ရှိတာတော့မဟုတ်ပါဘူး။ လောကမှာတော့ ကောင်းတာကနေ ပိုပို ကောင်းလာအောင် ကျနော်တို့ အမြဲတမ်းသွားနေရတဲ့ ကမ္ဘာဖြစ်ပါတယ်” လို့ ပြောကြားထားပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားနိုင်မှသာ အားလုံး မျှော်မှန်းတဲ့ မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းလာနိုင်မယ်လို့ ပြောကြားထားပါတယ်။

“ဘယ်နည်းနဲ့ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ဖြစ်ဖြစ် စစ်ရေးဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှ​သာလျှင် ကျနော်တို့ မျှော်မှန်းတဲ့ အနာဂတ် တရားမျှတတဲ့ သာယာဝပြောတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်ဆိုတာကတော့ ကျနော်တို့ အားလုံးရဲ့ စိတ်ဆန္ဒ၊ ပြည်သူအားလုံးရဲ့ စိတ်ဆန္ဒလည်းဖြစ်တယ်” လို့လည်း ယာယီသမ္မတက ပြောကြားထားပါတယ်။

NUG အစိုးရအဖွဲ့ အစည်းအဝေးကိုတော့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငသိုင်းချောင်းက အမြောက်တပ်ရင်းကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ

ဧရာဝတီတိုင်း၊ ငသိုင်းချောင်း အမြောက်တပ်ရင်းကို AA နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲအပ်မယ်၊ စစ်မြေပြင်မှာ အသက်နဲ့လဲ တာဝန်ထမ်းကြပါဟု ဗိုလ်လောင်းတွေကို မင်းအောင်လှိုင်ပြော

နိုင်ငံအတွက် စစ်မြေပြင်မှာ အသက်နဲ့လဲပြီး တာဝန်ထမ်းဆောင်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု နောက်ပိုင်းမှာ အများကြီးဖြစ်လာနိုင်

စစ်မျက်နှာ အနှံ့အပြားမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အောက်ခြေတပ်သားတွေကို စစ်တပ်ကနေ ထွက်ခွင့်မပေးဘဲ ရှေ့တန်းပို့တာတွေကြောင့် နောင်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ စစ်သားတွေ အများကြီး ရှိလာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
Read More

မန္တလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု ပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ အသက်ဆုံးရှုံးနေတဲ့အပေါ် “ STOP THE JUNTAS WAR ON THE CHILDREN OF MYANMAR - ဒို့ကလေး တွေကို သတ်ဖြတ် နေတဲ့ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အမြန်ဆုံး ရပ်” ဆိုတဲ့ စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်စက်မှု (၂) နားရှိ တောတိုက်တွေထဲကနေ ခိုးယူဖို့ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၂ ဦး ပစ်ခတ်ခံရလို့ ၁ ဦး သေဆုံး ၊ ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင် စက်မှု (၂) နားက တောတိုက်တွေထဲကနေ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူဖို့ထွက်လာတဲ့ စစ်သား ၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အညာမြေပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးဟု ဆို

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်ဘက်က အနည်ဆုံး ၁၅ဦး သေဆုံးပြီး လက်နက်တချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။