အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ “Road to Mandalay – ထိုးစစ် ထောက်ပို့ မန်းတိုင်းသို့ ” အစီအစဥ်မှာ ပါဝင်ပြီး မန္တလေးတိုင်းစစ်ဌာနချုပ်ကို ထောက်ပံ့ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

“ထိုးစစ်ပြင်ဖို့ ကျည်ကာဆင် တို့မန်းတိုင်းတခွင်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မန္တလေးတိုင်းစစ်ဌာနချုပ်အောက်ရှိ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

တော်လှန်ရေးကို အစဉ်တစိုက်ပါဝင်သူတွေ၊ လေ့လာသူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို မိမိရင်သွေးလို မှတ်ယူပြီး လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးကာ တော်လှန်ရေးအောင်မြင်ရေးအတွက် Forward Myanmar ရဲ့ Road to Mandalay ကမ်ပိန်းကတဆင့် ပူးပေါင်းပါဝင်ပေးဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

KNU မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးနှစ်ပတ်လည်အစည်းအဝေး ပြုလုပ်၊ လူငယ်နှင့် နိုင်ငံရေးအခန်းကဏ္ဍ၊ လူငယ်နှင့်တော်လှန်ရေး အခန်းကဏ္ဍ၊ လူငယ်နှင့်အမျိုးသားရေးအခန်းကဏ္ဍများ ဆွေးနွေးခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ မြိတ်ထားဝယ်ခရိုင်မှာ ဇူလိုင်လ(၁၀)ရက် မနေ့က မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး နှစ်ပတ်လည်အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အပစ်ရပ် သက်တမ်းတိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်မှာ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်းများနှင့် နေ့စဥ် ထိုးစစ်ဆင် တိုက်ခိုက်နေ…

ဟန်ပြ အပစ်ရပ်သက်တမ်း ၁ လ တိုးထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းနဲ့ နေ့စဉ်အသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရဟု ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

ပြည်မြို့တွင် စစ်တပ်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မြို့ခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

မန္တလေးမြို့ ရွှေဘုန်းရှိန်ဗလီမှာ ဝတ်ပြုနေချိန် ငလျင်လှုပ်လို့ ပြိုကျပြီး လူအသေအပျောက်များ

မန္တလေးတိုင်း၊ ရွှေဘုန်းရှိန်ဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်ကာ ပြိုကျပျက်စီးခဲ့မှုကြောင့် လူအသေအပျောက်များတယ်လို့ သိရပါတယ်။
Read More

KIA ပစ်ချမှုကြောင့် စစ်ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်ကျခြင်း စက်ချို့ယွင်းပြီး ပျက်ကျသည်ဟု စစ်ကောင်စီ လိမ်လည်ထုတ်ပြန်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ် ပစ်ချမှုကြောင့် ပျက်ကျသွားတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ရဟတ်ယာဉ်ကို စက်ချို့ယွင်းမှုကြောင့် ပျက်ကျတယ်လို့ စစ်ကောင်စီက မနေ့က ညပိုင်းမှာ လိမ်လည်သတင်းထုတ်ပြန်ထားပါတယ်။