မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ တိုက်တင်းကို ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်၊ မနက် ၇ နာရီဝန်းကျင်အချိန်မှာ အဆိုပါ ကျေးရွာရဲစခန်းကနေ ထွက်လာတဲ့ အင်အား (၄၀) ခန့်ရှိတဲ့  စစ်ကောင်စီရဲ့ တိုက်ကင်းကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လက်အောက်ရှိ တပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)နဲ့ မဟာမိတ်ဖြစ်တဲ့ KNLA တပ်ရင်း (၂၇)၊ တပ်ခွဲ(၁) တို့က ချုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ ၂ ယောက်ဒဏ်ရာရှိခဲ့ပြီး တော်လှန်ရေးတပ်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

“ဒဏ်ရာရတဲ့ ၂ ဦးထဲမှာ ၁ ဦးက ပြင်းထန်ဒဏ်ရာရတာကို အတည်ပြုထားနိုင်ပါတယ်။ သေဆုံး ၃ ဦးကလည်း မျက်မြင်တွေပါပဲ” လို့ MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် မနေ့က ဇူလိုင်လ ၃၀ ရက်၊ မနက် ၁၁ နာရီခွဲအချိန်မှာ ရေးမြို့နယ်မြောက်ပိုင်း၊   

ကွမ်ကျိုက်ကျေးရွာအနီးက စစ်ကောင်စီရဲ့ ကင်းစခန်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)နဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ KNLA တပ်ရင်း (၂၇)၊ တပ်ခွဲ (၁) တို့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

“ကွမ်ကျိုက်တိုက်ပွဲကတော့ ကွမ်ကျိုက်တပ်စခန်းနားမှာရှိတဲ့ ကင်းစခန်းကိုတိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန်ကတော့ မိနစ် ၃၀ လောက်ပါ။ ဒီစခန်းမှာက အင်အား ၃၀ လောက် ရှိပါတယ်။ ဒီကင်းစခန်းက ခလရ ၁၀၆ နဲ့ အမရ ၃၁၇ ကို အကာအကွယ်ပေးနေတဲ့ ကင်းစခန်းဖြစ်တဲ့အတွက်ကြောင့် ဗျူဟာကျကျ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” လို့ မိတလဉာဏ်က ဆိုပါတယ်။ 

အဆိုပါ တိုက်ပွဲမှာတော့  မြေပြင်သတင်းအချက်အလက်တွေအရ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးမှုကို အတည်ပြုထားနိုင်တယ်လို့ သူကဆိုပါတယ်။ 

တိုက်ပွဲတွင်းမှာ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် အကြိမ် ၃၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သာစည်ထောင်နဲ့ ရဲကင်းက စစ်အုပ်စုတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သာစည်အကျဥ်းထောင်နဲ့ ရဲကင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် ဒရုန်းတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၀ယောက်ကျော်သေဆုံးပြီး စစ်ကောင်စီက သတင်းဖုံးဖို့ကြိုးစားနေတယ်လို့ Snipe Rangers Force ( Local PDF ) ဦးဆောင်သူ ရဲ​ဘော်ဆလိုင်းက မောင်းကိုပြောပါတယ်။
Read More

ဖလမ်းအနောက်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများ ရှိ၊ သုံ့ပန်း၂ ဦးနှင့် လက်နက်များရရှိထားဟု CNDF ပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သား၂ ယောက် အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် မြို့နယ် ပကဖ မှ စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေဆီ သွားရောက်ပြီး ကျန်းမာရေးအသိပညာမျှဝေကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ 
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်းက သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်း အောက်တိုဘာ ၁၇ ရက် မနေ့ညပိုင်းက ပြုလုပ်ခဲ့တဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲမြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။