တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအနီးကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို  ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၃၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့  ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်၊ မနက် ၇ နာရီခွဲ ဝန်းကျင်အချိန်မှာ ပန်းတင်အင်းကျေးရွာအနီးကို စစ်ကူလာတဲ့ အင်အား ၃၀၀ ဝန်းကျင်ပါရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“စစ်ကြောင်းကတော့ မောင်းမကန်နယ်မြေရဲစခန်းဘက်ကနေ ထွက်လာတဲ့စစ်ကြောင်းပါ… နတ်အိမ်တောင် စစ်ကူတက်မယ့် စစ်ကြောင်းလို့ သိရပါတယ်။ သေဆုံးတွေကလည်း မျက်မြင်တွေပါပဲ” လို့ ဒူရကစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲဟာ ၁၀ နာရီခန့် ကြာမြင့်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ယောက်လည်း တိုက်ပွဲအတွင်းကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒူရကစစ်ကြောင်း ရဲဘော်များ

သူကပဲဆက်လက်ပြီး “ကျဆုံးရဲဘော်အလောင်းကို ပြန်ရခဲ့ပါတယ်။ တိုက်ပွဲတွင်းမှာ လေကြောင်းပစ်ကူတော့ မရှိခဲ့ပါဘူး။ ရေတပ်နဲ့ ဘေးဖက်တပ်ရင်းတွေက လက်နက်ကြီး ပစ်ကူပေးတာမျိုးရှိပါတယ်” လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေထံက စစ်လက်နက်စ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်းကို ဒူရကစစ်ကြောင်းကနေ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း၊ DEF ၊ Tavoy People Liberation Force (TPLF)၊ နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါနတပ်ခွဲ (၆) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ရေးအရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေတဲ့ အချိန်ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေကို အထူးသတိပြု သွားလာနေထိုင်ကြဖို့၊  စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေး ကြုံတွေလာနိုင်တာာကြောင့် လေကြောင်းရန် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လိုက်နာဖို့လည်း ဒူရကစစ်ကြောင်းကနေ တိုက်တွန်း ထုတ်ပြန် ထားပါတယ်။

တိုက်ပွဲတွင်းသိမ်းဆည်းရရှိသည့် လက်နက်ပစ္စည်းများ
0 Shares:
You May Also Like
Read More

KK Park နဲ့ ပတ်သက်ပြီး KNU အပေါ် စစ်တပ်၏ စွပ်စွဲမှုများကို တုံ့ပြန်သွားမည်ဟု ပဒိုစောတာနီး ပြော

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရသည့် စစ်ကောင်စီတပ်သားသစ်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်သားသစ်တစ်ယောက် လက်နက်နဲ့တကွ တော်လှန်ရေးတပ်ဖွဲ့ထံ ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းဆီက သိရပါတယ်။
Read More

KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) သင်တန်းဆင်းပွဲ…

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် - KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ရက် မနက်ပိုင်းမှာ ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ စစ်ရေးပူးပေါင်းမယ်၊ ဘဏ္ဍာရေးရင်းမြစ်များ မျှဝေအသုံးပြုမယ်

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့အပြင် ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်တွေကို မျှဝေအသုံးပြုနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း SF/SAF က ထုတ်ပြန်ပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို PDF ရဲဘော်တွေ ကူညီချွေလေ့သိမ်းဆည်းပေးခဲ့

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ရဲဘော်တွေဟာ စိုးမိုးနယ်မြေအတွင်းက ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို ကူညီချွေလေ့သိမ်းဆည်းပေးခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၃) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။