ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံတော်အာဏာကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ပြန်လည်အပ်နှံပြီးနောက် ယာယီသမ္မတ (တာဝန်) အဖြစ် မင်းအောင်လှိုင်ကိုပဲ ပြန်လည်ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီဟာ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခြင်းကို ရုပ်သိမ်းပြီးနောက် စစ်ကောင်စီကို ဖျက်သိမ်းကာ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းပြီး ကော်မရှင် ဥက္ကဌ အဖြစ် ယာယီသမ္မတ (တာဝန်) မင်းအောင်လှိုင်က တာဝန်ယူမှာဖြစ်ကာ ဒုဥက္ကဋ္ဌအဖြစ် ဒုစစ်ခေါင်းဆောင် စိုးဝင်းက တာဝန်ယူမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကာကွယ်ရေးဦးစီးချုပ်အဖြစ်လည်း ဆက်ရှိနေသေးတဲ့ ယာယီသမ္မတ(တာဝန်) အကြမ်းဖက်မင်းအောင်လှိုင်ဟာ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဦးညိုစော၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံးရဲ့ အမှုဆောင်ချုပ်အဖြစ် ဦးအောင်လင်းဒွေး၊ တွဲဖက်အမှုဆောင်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ကို ခန့်အပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၁ ရက်ကစလို့ ၆ လအတွင်း အတုအယောင် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်သွားမယ်လို့ ဆိုထားကာ ရွေးကောက်ပွဲအပြီး သမ္မတသစ်နဲ့ ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့ကို ရွေးကောင်တင်မြှောက်ပြီးတဲ့အချိန်အထိ ဥပဒေပြုရေးအာဏာကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ကျင့်သုံးမယ်လို့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီက ဆိုပါတယ်။

အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ အခြားသတ်မှတ်အဖွဲ့အစည်းတွေက ကျင့်သုံးမှာဖြစ်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုတွေကိုတော့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ဦးစီးဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ က အသက် ၁၉ နှစ်အရွယ် ရဲဘော် ကျဆုံးခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်ရှိ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ဗျူဟာ(၂) ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၁) မှ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မိခင်တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်္ဂလာဒုံတွင် ပွဲစားဆိုသူက ကျောင်းသား ၂ ဦး၊ အမျိုးသား ၁ ဦးကို အလုပ်ရမယ်ဆိုကာ စစ်တပ်ထဲရောင်းစား

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ကျောင်းသားတွေအပါအဝင် လူငယ်အမျိုးသား ၃ယောက်ကို ပွဲစားဆိုသူက အလုပ်ရမယ်ဆိုပြီး အကြမ်းဖက်စစ်တပ်ထံ လိမ်လည်ရောင်းစားခဲ့ကြောင်း Rangoon Scout Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လယ်ဝေးတွင် ​အင်အား ၁၀၀ ကျော်ပါစစ်ကြောင်း နှင့် တော်လှန်ရေးတပ် တိုက်ပွဲ၂ ကြိမ် ဖြစ်ပြီး စစ်အုပ်စုဘက်က၂၀ ကျော် သေဆုံး

နေပြည်တော်၊ လယ်ဝေးမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အယောက်၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (Myaylatt Bamar Defense Force) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကနီ ပအဖ ညမထွက်ရအမိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စက်ဘီးဖြင့် စစ်ရှောင်ထွက်ပြေးသည့် သားအမိကို စစ်တပ် ဗုံးလိုက်ကြဲ၊ သားအမိ ၂ ဦးလုံး သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ရှောင်ထွက်ပြေးတဲ့ သားအမိ ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ လိုက်လံဗုံးကြဲလို့ ၂ ယောက်လုံး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) ထံက သိရပါတယ်။
Read More

မန်လီကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် (၁) လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။