ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အသက်၃၅နှစ်ကနေ အသက်၆၅နှစ်အထိရှိတဲ့ အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးဆိုပြီး အဖွဲ့တွေဖွဲ့ပေးကာ စစ်သင်တန်းတွေ ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရပ်ကွက်အလိုက် စစ်သင်တန်းပို့ချပေးနေတာဖြစ်ပြီး ၁ရပ်ကွက်ကို အယောက်၅၀ကနေ အယောက်၆၀အထိ ပါဝင်ကြရတယ်လို့ ပြောပါတယ်။

“အခုအပတ်စဥ် စစ်သင်တန်းတက်နေတာ အမှတ် ၁၂ ရပ်ကွက်က သက်ကြီးရွယ်အိုတွေပေါ့။ အဓိကကတော့ ရာအိမ်မှူး ဆယ်အိမ်မှူးနဲ့ သူတို့နဲ့ပတ်သက်သူတွေများတယ်”လို့ မအူပင်မြို့နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

“သင်တန်းပေးနေတာကတော့ မအူပင်အခြေစိုက် ခလရ ၂၇ က ပေးနေတာ။ စက်တင်ဘာလ ၂၅ရက်နေ့က သင်တန်းစပေးမယ်လို့တော့ ကြားထားတယ်။ အရင်ကလည်း အမှတ်၂၇ တပ်ရင်းထဲမှာ ပြည်သူ့စစ်သင်တန်း ဆိုပြီး ပြည်သူ့စစ်တွေ၊ စစ်တပ်သတင်းပေးတွေကို လက်နက်ငယ်သင်တန်းတွေ လစဥ်ပေးခဲ့တာတွေလည်း ရှိတယ်” လို့ အထက်ပါဒေသခံက ထပ်ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တော်လှန်ရေးစစ်ပွဲတွေကြောင့် အင်အားလျော့နည်းလာတဲ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဥပဒေကို အသုံးချတာ၊ ပေါ်တာဆွဲတာ စတဲ့ နည်းမျိုးစုံနဲ့ အရပ်သားတွေကို စစ်တပ်ထဲ ဆွဲခေါ်နေတာဖြစ်ပြီး စစ်မှုထမ်းဥပဒေအရ အသက်ကျော်လွန်တဲ့ အမျိုးသားတွေကိုလည်း ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး စစ်သင်တန်းပေးနေပြန်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ် သင်တန်းပို့ချထားတဲ့ သက်ကြီးရွယ်အို ပြည်သူ့စစ်တချို့ (ပုံဟောင်း)

0 Shares:
You May Also Like
Read More

KNDF တပ်ရင်း ၆ မှာ တော်လှန်ရေးရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင် ပြသ

ကရင်နီပြည်အတွင်း စစ်အာဏာရှင်စနစ် လက်နက်ကိုင် တော်လှန်ရေးကို အခြေခံပြီး Karenni Arts Creation(KAC)အဖွဲ့က ရိုက်ကူးထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ် (၆) တပ်ရင်းမှာ လာရောက်ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

ဒုံရင်းမြို့နယ်မှာ KNU ရဲ့ မြို့နယ်အမြဲတမ်းကော်မတီဝင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့

ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ဒုံရင်းမြို့နယ်၊ ဒူရိန်ကျေးရွာမှာ စက်တင်ဘာလ ၁၉ ရက်ကနေ ၂၃ ရက် အထိ KNU ရဲ့ ဒုံရင်းမြို့နယ်အမြဲတမ်းကော်မတီဝင် အလုပ်ရုံံဆွေးနွေးပွဲကို (၅)ရက်တာကျင်းပပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ဦး သေဆုံး၊ အများအပြား ထိမှန်ဒဏ်ရာ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက Y12 လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက် လက်နက်နဲ့တကွ မြိုင် ပကဖ ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ မြိုင်-ပကဖ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စိတ်ပူပန်နေသည့် ရခိုင်ယတြာ ခေါင်းလောင်းကိစ္စကို တုန့်ပြန်ယတြာပြုလုပ်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝစီပိတ်ဆရာတော်ထံ သွားရောက်ဟု ဆို

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

အောင်လံတွင် နိုင်ငံခြားအလုပ်ကိုင်ရှာဖွေရေး အေ့ဂျင့်အမျိုးသမီးတစ်ဦး အသတ်ခံရ

မကွေးတိုင်း ၊ အောင်လံမြို့နယ်မှာ နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေး အေးဂျင့်အမျိုးသမီးတစ်ယောက် အသတ်ခံရတယ်လို့  အောင်လံမြို့ ဒေသတွင်းစစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ အောင်လံလူထု အဖွဲ့ဆီက သိရပါတယ်။