မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စစ်ဘေးရှောင်စခန်းတစ်နေရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မကွေးတိုင်းဆက်ဆံရေးရုံးက Gender, CEDAW(The Convention on the Elimination of All Forms of Discrimination Against Women), Women Peace and Security (WPS) အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲကို (၃)ရက်တာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲမှာတော့ အဓိကအားဖြင့် လက်နက်ကိုင် ပဋိပက္ခအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ကာကွယ်နိုင်ရေးနဲ့ ဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်လာနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ABSDF ရဲ့ ၃ ရက်တာ အလုပ်ရုံဆွေးနွေးပွဲကို အမျိုးသမီး ၆၇ ယောက်နဲ့ အမျိုးသား အယောက် ၄၀ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG ရဲ့ ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကောလင်း မြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။
Read More

မိုးမိတ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါ (၃)ဦး‌ သေဆုံး၊ (၇)ဦး ထိခိုက်ဒဏ်ရာရ… နောင်ချိုမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ဒေသခံ (၃) ယောက် သေဆုံးပြီး (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပေါင်းတည် ဝဲကြီးဆည် စစ်တပ်ဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေ၊ ဒေသခံ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဝဲကြီးဆည် စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၆ ဦး သေပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကိုခြေကုပ်ယူဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေဈေး အဆမတန် မြင့်တက်မှုကြောင့် အရောင်းများပြီး အဝယ်ပါးနေ

အခုရက်ပိုင်းအတွင်း ရွှေဈေးက ၂သိန်းဝန်းကျင်မြင့်တက်လာကြောင့် အရောင်းအဝယ်ဈေးကွက်ထဲမှာ ရွှေရောင်းချသူတွေ များနေပြီး ဝယ်ယူသူတွေ နည်းပါးနေတယ်လို့ ရွှေကုန်သည်တွေထံက သိရပါတယ်။
Read More

ညောင်ရွှေနှင့် ပင်လောင်းကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ၈၀ ထက်မနည်း တိုက်ခိုက်ခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနဲ့ ပင်လောင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။