အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မြို့နယ်အသီးသီး၊ နေရာအသီးသီးမှာ ထိခိုက်သေဆုံးမှုတွေ များလာတာကြောင့် မူးယစ်ဆေးသမားတွေကို ပိုက်ဆံပေးပြီး မြို့ပေါ်မှာ မိုင်းခွဲခိုင်းတာမျိုးတွေ လုပ်လာတယ်လို့ ဖားကန့်မြို့ခံတချို့က ပြောပါတယ်။

ဇူလိုင်လ ၃၀ ရက်၊ မနက် ၈နာရီလောက်ကလည်း ဖားကန့်မြို့၊ မရှီကတောင်ရပ်ကွက်၊ သုခဆေးခန်းအနီးမှာ မိုင်းလာထောင်တဲ့ မူးယစ်ဆေးသမားတစ်ယောက်ဟာ သူကိုင်ဆောင်လာတဲ့ မိုင်း ပေါက်ကွဲသွားပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“အဲဒီနားတဝိုက်မှာတော့ လူတွေအမြဲတမ်း အစောကြီးထနေကျ။ ကားတွေ၊ ဆိုင်ကယ်တွေ အမြဲတမ်း အသွားအလာမပျက်ဘူးလေ။ ဒါပေမယ့် အဲဒီ ၈ နာရီဝန်းကျင်မှာတော့ အဲ့နားမှာ ဗုံးလို့ယူဆရတဲ့ အမှိုက်ထုပ်တို့ အဝတ်ထုပ်တို့ ချွတ်ချွတ်အိတ်နဲ့ ပတ်ထားတဲ့အရာမျိုး ဘယ်သူမှမတွေ့ဘူး၊ မိုင်းကို အဲ့နားမှာ သူချတာလား၊ ချရင်းနဲ့ကွဲတာလား၊ အိတ်ထဲကနေထုတ်လို့ ကွဲတာလား အဲလိုတော့မသေချာဘူး။ သူရောက်လာပြီးမှ အဲဒီဖြစ်စဉ်ဖြစ်တာပေါ့နော်၊ သူရောက်လာပြီးကွဲတယ်” လို့ ဖားကန့်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

မိုင်းပေါက်ကွဲပြီးသေဆုံးသွားတဲ့ အမျိုးသားဆီကို မိဘ၊ ဆွေမျိုးသားချင်း တစ်ဦးတစ်ယောက်မျှ လာရောက်ဆက်သွယ်ခြင်းမရှိတဲ့အတွက် အဲဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ ဒေသတွင်း လူမှုကူညီရေးအသင်းက သဂြိုဟ်ဖို့ စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖားကန့်ရှိ KPDF တပ်ဖွဲ့က လိုက်လံစုံစမ်းတဲ့အခါ စစ်အုပ်စုဟာ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲနေသူတွေကို ပိုက်ဆံပေးပြီး လုပ်ဆောင်ခိုင်းတာဖြစ်တယ်လို့ သိရကြောင်း ဆိုပါတယ်။

မိုင်းပေါက်ကွဲပြီး သေဆုံးသွားသည့် မူးယစ်ဆေးသမားတစ်ဦး

“ဆေးသမားတွေက ပိုက်ဆံပေးရင်ရတယ်။ သူတို့ကို မျိုးမျိုးမြတ်မြတ်ပေးရင်ရတယ်။ လူတစ်ယောက်ကို ၁၀ ပေးမယ်။ မင်းတို့ အဲ့အိမ်ကို မီးရှို့ဆိုရှို့တယ်၊ အခုလည်း အဲ့မိုင်းတွေကို ပေးလိုက်တယ်၊ အဲ့မိုင်းမကျွမ်းကျင်မှုကြောင့် သူတို့ကွဲကြတယ်လို့ ယူဆကြတယ်။ နောက်တစ်ခါ တော်လှန်ရေးရဲဘော်တွေ ရထားတဲ့သတင်းက ဆေးသမားတွေကို သူတို့က မိုင်းထောင်ခိုင်းတယ် ဆေးသမားက သူယူလာတဲ့မိုင်းနဲ့ သူ့ဟာသူကွဲတာ” လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မူးယစ်ဆေးသမားအချို့ကို ငွေပေး မိုင်းထောင်ခိုင်းကာ တော်လှန်ရေးတပ်ဖွဲ့တွေကို ပုံဖျက်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

ဖားကန့်မြို့နယ်အတွင်း KIA တပ်မဟာ (၉) လက်အောက်ရှိ တပ်ရင်း (၆၊ ၄၄၊ ၂၆၊ ၃၁) တပ်ရင်း ၄ ခုလုံးကို လူစည်ကားရာ၊ လူနေထူးတပ်ရာ မြို့တွင်းဧရိယာမှာ မိုင်းထောင်မိုင်းခွဲခြင်း မပြုလုပ်ဖို့ တပ်မဟာ (၉) က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားကာ မလိုက်နာရင်း အပြည့်အဝ တာဝန်ယူရမယ်လို့ ထုတ်ပြန်ထားတာရှိတယ်လို့လည်း ဖားကန့်မြို့ခံက ပြောပါတယ်။

“လက်နက်ပစ္စည်း မပြန့်ပွားရေးနဲ့ ပတ်သက်ပြီးတော့လည်း KIA ဗဟိုကနေ ထုတ်ထားတာက လက်နက်ရောင်းဝယ် ကုန်ကူးတာ၊ မှောင်ခို စသဖြင့် ဒါတွေနဲ့ ပတ်သက်ပြီးတော့ သေဒဏ်လို့ ရှိထားတာ။ ပြီးခဲ့တဲ့ နှစ်ကတည်းက ကြားတာ၊ အခုလက်ရှိမှာလည်း ဒီဟာက အမိန့်မရုပ်သိမ်းသေးဘူး။ လက်နက်တွေ မှောင်ခိုရောင်းဝယ်တာတို့ ဘာတို့ရှိရင် သေဒဏ်ပေးတယ်”

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဆိုင်းတောင်တိုက်ပွဲကြောင့် Lucky Men Hotel မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက မူးယစ်ဆေးသမားတွေကို ငွေပေးပြီး ပြည်သူလူထုအိမ်တွေကို မီးရှို့ဖျက်ဆီးခိုင်းခဲ့ပါသေးတယ်။

 

0 Shares:
You May Also Like
Read More

မင်းတပ် ဖွီကျေးရွာကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၆ ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဖွီကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီရက်ပိုင်းအတွင်း တရုတ်သွားမယ်ဟု ဆို

စစ်ကောင်စီကို ရာနှုန်းပြည့် ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခုရက်ပိုင်းအတွင်း သွားရောက်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြဝတီမြို့တွင် အမျိုးသမီးတစ်ဦး ကြိုးတုတ်ခံထားရပြီးဒဏ်ရာများနှင့် သေဆုံးနေ

ကရင်ပြည်နယ် ၊ မြဝတီမြို့ အမှတ် (၃)ရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ကြိုးတုတ်ခံထားရပြီး ဒဏ်ရာတွေနဲ့သေဆုံးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်က ဇင်ယော် စစ်ဆင်ရေးကို လုပ်ဆောင်မည်

တရုတ်က ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ “ဇင်ယော်” စစ်ဆင်ရေးအဖြစ် မဲ့ခေါင်ဒေသက ၆ နိုင်ငံမှာ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  ဇန်နဝါရီလ ၂၁ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်
Read More

ထားဝယ်က စစ်တပ်ရဲ့ မဲချောင်း ၈ မိုင် တပ်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီ တပ်သား ၅ ယောက် သေပြီး တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မဲချောင်း ၈ မိုင်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။