မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေဟာ ပြည်သူတွေအပေါ် ထိခိုက်မှုတွေရှိနေပြီး ပြည်သူ ၃ ယောက်မှာ ၁ ယောက်ဟာ လူသားချင်းစာနာထောက်ထားမှုတွေ လိုအပ်နေတယ်လို့ ဗြိတိသျှ သံရုံးအကြီးအကဲ Ken O’Flaherty က ပြောကြားခဲ့ပါတယ်။

ပြည်သူတွေဟာ စီးပွားရေးအကျပ်အတည်းတွေ ကြုံတွေ့နေရပြီး ပဋိပက္ခတွေကလည်း ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

”မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ကြင်နာမှုနဲ့ ရဲစွမ်းသတ္တိတွေကို မြင်တွေ့ရတာ ကျနော့်အနေနဲ့ ထပ်ခါတလဲလဲ လေးစားအံ့သြမိပါတယ်။ စီးပွားရေးအကျပ်အတည်းတွေသာမက ပြည်သူ (၃) ဦးမှာ (၁) ဦးက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေပါတယ်။ ပဋိပက္ခများလည်း ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူများအပေါ် တိုက်ခိုက်မှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်”လို့  Ken O’Flaherty က ဆိုပါတယ်။

ယူကေအစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေကို တုံ့ပြန်နိုင်ဖို့ အကူအညီတွေ ပေးသွားမှာဖြစ်သလို ပြည်သူတွေနဲ့အတူ အားလုံးလိုလားတောင့်တတဲ့ ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Video – UK in Myanmar

0 Shares:
You May Also Like
Read More

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှ တပ်ရင်းရိက္ခာအတွက် ဆောင်းရာသီ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ် (ရုပ်/သံ)

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းက တပ်တွင်းလိုအပ်တဲ့ ရိက္ခာဖြည့်တင်းနိုင်ဖို့ ‌‌ဆောင်းရာသီ ဟင်းသီး ဟင်းရွက်တွေ စိုက်ပျိုးထားပုံကို ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃၊ အပတ်စဉ် ၆ စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃၊ အပတ်စဉ် ၆ စစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ မိုးကြိုးစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆားလင်းကြီးမြို့နယ် မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်းထောင်လေးများ၏ တော်လှန်သင်္ကြန်သံချပ် အပိုင်း(၂)

အညာပစ်တိုင်းထောင်လေးများအဖွဲ့က သဘာဝဘေးဖြစ်တဲ့ ငလျင်၊ အမေ့လျော့ခံ CDM များ၊ ပျူရွာပေါတဲ့ မင်းကင်းနယ် စစ်ရှောင်၊ စကစ၏ ယုတ်မာမှုများ၊ NUG အစိုးရယန္တရား၏ အလွဲများ စသည့်အကြောင်းအရာတွေနဲ့ တော်လှန်သံချပ် ဖျော်ဖြေမှုကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ရဲ့ အ​ခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၆ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန (MOD)က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အထိမ်းအမှတ် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြားသည့် မိန့်ခွန်း (ရုပ်/သံ)

''ငါတို့မှာ မွန်မြတ်တဲ့ ရည်မှန်းချက် ရှိတယ်။ ငါတို့မှာ ကိုယ်နှုတ်နှလုံးနဲ့ ထောက်ခံပါဝင်နေတဲ့ တော်လှန်ပြည်သူတွေ ရှိတယ်။ ငါတို့မှာ နိုင်ငံအနှံ့ တပ်ဖြန့်နေရာယူထားတဲ့ တော်လှန်ရေးရဲဘော်တွေ ရှိတယ်။ ငါတို့ရဲ့ စစ်ပညာနဲ့ တိုက်စွမ်းရည်ကို ဆက်လက် မြှင့်တင်ကြရမယ်။ ငါတို့ရဲ့ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက် တွေကို နည်းမျိုးစုံနဲ့ ဆက်လက်ဖြည့်ဆည်းကြမယ်"
Read More

အောင်ဇေယျစစ်ကြောင်း ထွက်ပြေးရင်း စစ်လက်နက်ပစ္စည်းတွေ ကျန်ခဲ့ (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်း ထွက်ပြေးရာကနေ ကျန်ရစ်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး လိုက်လံသိမ်းဆည်းနေတဲ့ ရဲဘော်တွေရဲ့ ရုပ်သံဖိုင်ကို Black Panther Column - တပ်ခွဲ ၂ က ထုတ်ပြန်လိုက်ပါတယ်။