အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီရဲ့ ၄ နှစ်ခွဲ သက်တမ်းကာလဟာ ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားမယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ဟာ သူ့ရဲ့ လက်အောက်ခံတွေကို လုပ်ဖော်ကိုင်ဖက်လို့ သုံးနှုန်းခဲ့ပြီး ပထမစာမျက်နှာအတွက် ကျေးဇူးတင်ကြောင်း ပြောကြားကာ ဒုတိယစာမျက်နှာရဲ့ အစကနေ လက်ရေးလှလှနဲ့ စမယ်လို့ ပြောဆိုထားပါတယ်။

“၄ နှစ်ခွဲတာကာလအတွင်းမှာ လုပ်ငန်းအရပ်ရပ်အားလုံးကို အခက်အခဲပေါင်းစုံကနေ ရင်ဆိုင်ကျော်လွှားပြီးတော့ လက်ရှိအခြေအနေမျိုး ဖြစ်တဲ့အထိ ဝိုင်းဝန်းဆောင်ရွက်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် အားလုံးကို ကျေးဇူးတင်ပါတယ်။ နောင်မှာလည်း ဆက်လျှောက်ရမယ့် ခရီးစဥ်မှာလည်း ဒီလိုပဲ အောင်အောင်မြင်မြင် ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကျနော် တိုက်တွန်းလိုပါတယ်။ ဆက်လျှောက်လှမ်းရမယ့် နိုင်ငံတော်ရဲ့ ရှေ့ခရီးကတော့ အများကြီး ကျန်ပါသေးတယ်။ ဒါက ဒုတိယ စာမျက်နှာရဲ့ အစဖြစ်ပါတယ်။ ပထမ စာမျက်နှာကတော့ ကျော်ခဲ့ပြီးပြီ၊ ဒုတိယစာမျက်နှာရဲ့ အစမှာ တကယ် ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ပြီးတော့ လုပ်ရကျိုးနပ်မယ်လို့ ကျနော် ယုံကြည်ပါတယ်” လို့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီ အုပ်ချုပ်ချိန်ကစလို့ တစ်နိုင်ငံလုံး အထွေထွေကျပ်တည်းမှုတွေနဲ့ လက်ရှိကာလအထိ ရင်ဆိုင်နေရချိန် အကြမ်းဖက် မင်းအောင်လှိုင်ဟာ ၂၀၁၅ ခုနှစ်မှာ သောင်ပြိုကမ်းပြို မဲနိုင်ပြီး ရွေးကောက်ခံခဲ့ရတဲ့ အရပ်သားစစ်စစ်အစိုးရဖြစ်တဲ့ NLD အစိုးရလက်ထက်မှာ နိုင်ငံခြားသား အကြံပေးတွေရဲ့ အကြံပြုချက်တွေအတိုင်း ဆောင်ရွက်ခဲ့လို့ နိုင်ငံ့စီးပွားရေးကျဆင်းခဲ့တယ်လို့ ဆိုထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာလည်း မဲမသမာမှုလုပ်ခဲ့တာကြောင့်ဆိုပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ စစ်ကောင်စီကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ သက်တမ်းတိုးခဲ့သလို နိုင်ငံရေးအရလည်း ပြည်သူတွေ ရွေးချယ်တဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ မင်းအောင်လှိုင်က ပြောဆိုပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို တော်လှန်ရေးအဖွဲ့အစည်းတွေက တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲလို့ သတ်မှတ်ထားသလို အာဆီယံကလည်း အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲမဟုတ်ရင် ပဋိပက္ခတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စင်ပေါ်တွင် ညစ်ညမ်းစကားပြောဆိုသူအပါ ၁၃ယောက် အုပ်စုနှင့် ပွဲစီစဥ်သူ ၃ ယောက်ကို အရေးယူထားကြောင်း စစ်ကော်မရှင် ထုတ်ပြန်

နိုဝင်ဘာလအစက ရန်ကုန်မြို့ Overflow Music Festival ဖျော်ဖြေပွဲမှာ စင်ပေါ်ကနေ လိင်ကိစ္စ ညစ်ညမ်းစကားတွေပြောပြီး ကွန်ဒုံးတွေ ကြဲချခဲ့တဲ့ အဆိုတော် Wink အပါအဝင် အမျိုးသား ၁၃ ယောက်နဲ့ ပွဲစီစဥ်သူ ၃ယောက်ကို ဖမ်းဆီးအရေးယူထားကြောင်း အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

တာမွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်တွေ စစ်မှုထမ်းဖို့ ယာယီ ရွှေ့ဆိုင်းချင်ရင် သိန်း ၄၀ တောင်းခံနေ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်မောင်ဆိုသူက ရပ်ကွက်အတွင်း စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်တွေ စစ်မှုထမ်းဖို့ ယာယီရွှေ့ဆိုင်းချင်ရင် ကျပ်ငွေ သိန်း ၄၀ တောင်းခံနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
Read More

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီရက်ပိုင်းအတွင်း တရုတ်သွားမယ်ဟု ဆို

စစ်ကောင်စီကို ရာနှုန်းပြည့် ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခုရက်ပိုင်းအတွင်း သွားရောက်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

ကရင်နီတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စည်းလုံးမှုနှင့် ပြည်သူလူထု တသားတည်းရှိမှုကို ပြသရန် တွေ့ဆုံပွဲပြုလုပ်

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထု တသားတည်းရှိနေကြောင်း ပြသဖို့အတွက် တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၄) က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီက ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ် ဂွမြို့နဲ့ ဧရာဝတီတိုင်းထိစပ်နေတဲ့ နေရာက ဒေသခံတွေကို ပြောင်းရွှေ့ဖို့ အကြမ်းဖက်စစ်တပ် ဖိအားပေးနေ

ရခိုင်ပြည်နယ်ဂွမြို့နဲ့ ထိစပ်နေတဲ့ နေရာက ဒေသခံတွေကို စစ်ကောင်စီက အောက်တိုဘာလ ၂၁ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းထားလို့ ဒေသခံတချို့ပြောင်းရွှေ့ပေးနေရတယ်လို့ သိရပါတယ်။