ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်းက တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ဝေလ (ခ) ဖြိုးပြည့်အောင်နဲ့ ရဲဘော်ပြောင်ကြီး (ခ) ဟိန်းမိုးစံတို့ကို တပ်ကနေ ထုတ်ပယ်ကြောင်း မိခင်တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော် ၂ ယောက်ဟာ ဇူလိုင်လ (၂၆)ရက်က မကွေးတိုင်းစစ်ဌာန၊ စစ်ဗျူဟာ(၃)က ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း ရှေ့တန်းတစ်နေရာမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်ဝေလ (ခ) ဖြိုးပြည့်အောင်နဲ့ ရဲဘော်ပြောင်ကြီး (ခ) ဟိန်းမိုးစံတို့ရဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေနဲ့ အရေးတော်ပုံအောင်မြင်ဖို့အတွက် ကျန်ရှိတဲ့ ရဲဘော်တွေက အဆုံးအထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း မကွေးခရိုင် တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းတွင် ဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ ကိုရင်ကြီးနှင့် ကပ္ပိယ ၂ ဦးအပါ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာက မိုးကောင်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကိုရင်ကြီး ၁ ပါးနဲ့ ကပ္ပိယ ၂ ယောက်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဟန်ပြအပစ်ရပ်သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်တွင် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးဖြင့် ဆက်လက်တိုက်ခိုက်နေ

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မေလ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်ရပ် သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနဲ့ လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KIA ဌာနချုပ် ဗိုလ်သင်တန်း‌ကျောင်းမှာ ကျဆုံးခဲ့တဲ့ AA က ဗိုလ်လောင်း ၈ ယောက်ရဲ့ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ကဗိုလ်သင်တန်း‌ကျောင်းမှာ စစ်တပ်​ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ရက္ခိုင့်တပ်တော် AA က ဗိုလ်လောင်း ၈ ယောက်ရဲ့ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
Read More

PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲ ပြုလုပ်၊ အပတ်စဥ် (၄) သင်တန်းသားတွေက ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) မှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး ၁၂ ယောက် ကျဆုံးခဲ့

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training - TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ (၁၅)ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ ဒုကြပ်တပ်အပါအဝင် စစ်သား ၃ ဦး BNRA တပ်ဖွဲ့ထံ လက်နက်နှင့် အလင်းဝင်

စစ်ကိုင်း တပ်မ (၃၃) က ဒုတပ်ကြပ် (၁) ယောက်နဲ့  ပုလဲမြို့ခံတပ်က တပ်သား (၂) ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (B.N.R.A) တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ (၅၅၈)မှ စစ်သား ၂ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၅၈) တပ်ရင်းကနေ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။