တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ယောက် သေဆုံးပြီး ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။

ပုလောမြို့နယ်၊ လက်ပံ့ပြင်ကျေးရွာအတွင်း ဇူလိုင်လ (၂၆) ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသား ၁ ယောက် သေဆုံးပြီး အသက် ၄ နှစ်နဲ့ ၇ နှစ်အရွယ် ကလေး ၂ ယောက်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ပံ့ပြင်ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘာသာရေးခန်းမဆောင် အဆောက်အအုံတစ်လုံး ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ထိခိုက်ပျက်စီးခဲ့သည့် ခရစ်ယာန်ဘာသာရေး ခန်းမဆောင်နှင့် ထိခိုက်သေဆုံးသည့် အမျိုးသား (ဓာတ်ပုံ KNU – Mergui-Tavoy District)

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်၊ အရာရှိ တစ်ဦးအပါ စစ်တပ်က ၁၅ ဦး သေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးက အကြမ်းဖက်စစ်‌ကောင်စီ စခန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်ကို လာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်း ပျက်တဲ့အထိ ချေမှုန်းနိုင်ခဲ့သည့် တိုက်ပွဲ NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကသာမြို့ ခမရ-၃၀၉ ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်‌ကြောင်းကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ချေမှုန်း၊ စစ်သားအလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာ အထိုင်ချတပ်စွဲထားတဲ့ အင်အား (၃၀)ကျော်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်းရာ စစ်သား အလောင်း ၈ လောင်း မျက်မြင်တွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်း (P29914) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့ ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို အာဏာသိမ်းစစ်တပ် ထောင်ဒဏ် ၇ စီ ချမှတ်

စစ်ကော်မရှင်က မတရားသဖြင့် ပြဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ဒါရိုက်တာ မိုက်တီး၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်းနဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ထောင်ဒဏ် ၇ စီ ချမှတ်လိုက်တယ်လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။
Read More

ရေဦးမြို့နယ် အင်ပုထိုးကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။