အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ NUG အစိုးရ တာဝန်ရှိသူတွေဟာ NUG ထိန်းချုပ်နယ်မြေတွေဆီ သွားရောက်ပြီး ဒေသခံ ပြည်သူလူထုအပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG သမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါခရီးစဉ်ဟာ NUG ထိန်းချုပ်နယ်မြေတွေရဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး ယန္တရားတွေနဲ့ အနီးကပ်ထိတွေ့ပြီး တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ဖို့နဲ့ မြေပြင်မှာ ဦးဆောင်နေတဲ့ တာဝန်ခံတွေ၊ တော်လှန်ရေး ရဲဘော်ရဲဘက်တွေနဲ့ ထိတွေ့ပြီး ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ စနစ်ကျတဲ့ စီမံခန့်ခွဲမှုတွေ တည်ဆောက်သွားနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ သွားရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့​အပြင် ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲ ပြဿနာတွေကို သိရှိပြီး အဖြေ ရှာနိုင်ဖို့နဲ့ မြေပြင်မှာ တော်လှန်ရေးတာဝန် ထမ်းဆောင်နေတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်တွေကို တွေ့ဆုံပြီး တော်လှန်ရေးခွန်အားနဲ့ တော်လှန်စိတ် စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ NUG သမ္မတရုံးက ဆိုပါတယ်။

NUG ယာယီသမ္မတအပါအဝင် NUG တာဝန်ရှိသူတွေဟာ မြေပြင် ပြည်သူလူထုနဲ့ တစ်သားတည်းရှိနေတာကို ပြည်သူလူထုဆီ သတင်းစကားပါးပြီး တော်လှန်ရေး စိတ်ခွန်အား ပိုမိုမြှင့်တင်နိုင်စေဖို့လည်း ရည်ရွယ်ကြောင်း NUG သမ္မတရုံးရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဆိုပါခရီးစဉ်အတွင်း ဒေသခံလူထုအပါအဝင် မြို့နယ်/ခရိုင် အလိုက် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံတွေ၊ မြို့နယ်/ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတွေ၊ ခရိုင်အလိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်းမှူးတွေ၊ စစ်ဒေသရုံးက စစ်ဒေသမှူးနဲ့ ရုံးအဖွဲ့တွေ၊ မြို့နေ ရပ်မိရပ်ဖိတွေ၊ သံဃာတော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ခရီးစဉ်အတွင်း စစ်ဘေး ရှောင် ပြည်သူလူထုနဲ့ တွေ့ဆုံပြီး ကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေကို အလေးအနက်ထား နားထောင်ခဲ့သလို စိတ်ဓာတ်ခွန်အား ဝေမျှကာ စစ်ဘေးရှောင် ပြည်သူလူထုအတွက် ကူညီလှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါခရီးစဥ်မှာတော့ NUG ယာယီသမ္မတနဲ့အတူ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနဲ့ ကျန်းမာ ရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်၊ နိုင်ငံတော်သမ္မတရုံး အတွင်းဝန် ဦးဘရန်း၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးကွမ်မင်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အတွင်းဝန် ဒေါ်နော်ထီးခူနဲ့ ရုံးအဖွဲ့သားတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရီးစဥ်တလျှောက် NUG အစိုးရအဖွဲ့ဝင်တွေနဲ့အတူ PDF အမှတ် (၁) စစ်ဒေသမှူးလည်း ပါဝင်ခဲ့ပြီး အစိုးရ တာဝန် ရှိသူတွေရဲ့ လုံခြုံရေးကို အမှတ် (၁) စစ်ဒေသက အထူး တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ပေးခဲ့တယ်လို့ NUG သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ချီတက်ဆန္ဒပြ

အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
Read More

ပအိုဝ်းပြည်သူ့စစ်က စစ်ရှောင်ပြည်သူများအား ပြည်သူ့စစ်အဖြစ် စုဆောင်းနေ

အင်းလေးဒေသမှာ ပအိုဝ်းပြည်သူ့စစ်တွေက စစ်ရှောင်ပြည်သူတွေကို ပြည်သူ့စစ်အဖြစ် ခေါ်ဆောင်နေတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (IPDF) က အသိပေးထုတ်ပြန်ပါတယ်။
Read More

မိုင်းဝီးမြို့တွင် အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်းကို ဓားနှင့်ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းဝီးမြို့မှာ ဒေသခံ အမျိုးသားတစ်ယောက်က မြေမြှုပ်မိုင်းတစ်လုံးကို ဓားနဲ့​ခုတ်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းတွင် ကင်းပတ်ထွက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ဘက် ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တို က်ခိုက်ခံရာ ထိခိုက်သေဆုံးသူတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံသည့်တိုင် ဘောမိကျေးရွာမှ ထိခိုက်သေဆုံးများစွာနှင့် ဆုတ်ခွါထွက်ပြေးခဲ့ရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲမှာရှိပြီး ရခိုင်နဲ့ ထိစပ်နေတဲ့ ဘောမိကျေးရွာမှာ အာရက္ခတပ်တော် AA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုများစွာနဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွါပေးခဲ့ရတယ်လို့ သိရပါတယ်။