မကွေးတိုင်း၊ စလင်းမြို့နယ် တညောင်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့ရာ ရဲ ၈ ယောက် သေဆုံးပြီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၃၀ ရက် ဒီနေ့မနက်အစောပိုင်းမှာ စလင်းမြို့နယ်အတွင်းရှိ တညောင်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ကင်းဘန်ကာအား အပြီးသတ်တိုက်ခိုက်ကာ ရဲစခန်းကို ရှင်းလင်းမှုလုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ပွဲကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲ ၈ ယောက်သေဆုံးပြီး ၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ကာ ရဲမိသားစုဝင်တွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့ရဲတွေကတော့ တညောင်လျှပ်စစ် ဓာတ်အားခွဲရုံသို့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် G-3 သေနတ် ၅ လက်၊ MA-13 ၁ လက်နဲ့ ကျည်ဆန်တွေကို သိမ်းဆည်းရရှိခဲ့ပြီး G-3 ၂ လက်ကတော့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖစလင်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်ရဲဘော် ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ စလင်း

0 Shares:
You May Also Like
Read More

TNLA ဗိုလ်ချုပ် တားဘုန်းကျော်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀)ပြည့် မွေးနေ့အတွက် ဆုတောင်းစကားပြောကြား (ရုပ်/သံ)

ဒီနေ့ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀)ပြည့်မွေးနေ့အတွက် TNLA ဗိုလ်ချုပ် တားဘုန်းကျော်က မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

ရခိုင်ပြည်ပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေအား ဖမ်းဆီးခဲ့သည့် ရုပ်သံမှတ်တမ်း AA ထုတ်ပြန် (ရုပ်/သံ)

ရခိုင်ပြည်‌ရေပိုင်နက်အတွင်း သြဂုတ် ၃၁ ရက်က ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့်တပ်က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို AA က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

ရှင်မကန်ပျူစခန်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မအရှေ့ဘက်ရှိ ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အောင်လံမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲ လုပ်နေချိန် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း အတုအယောင် ရွေးကောက်ပွဲ လုပ်နေချိန် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yoma Fighter Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာတွင် သူကြီးအိမ်ရှေ့ တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တမိုက်သားကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ် သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စံပယ်နံသာရွာအနီး ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၃ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။