မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာနဲ့ ရွှေပန်းတောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ဝန်းကျင် ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီက ဇူလိုင်လ (၂၉) ရက် ညနေပိုင်းမှာ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာရှိ ရဲစခန်းနဲ့ ရွှေပန်းတောကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ပန်လှရဲစခန်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ပြစ်ဒဏ်ကျ အကျဉ်းသားတွေနဲ့ စစ်ဆေးနေဆဲ သံသယတရားခံတွေဖြစ်တဲ့ အမျိုးသား (၂၁) ယောက်နဲ့ အမျိုးသမီး (၁) ယောက် အသက်ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၃၀) ဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေပန်းတောကျေးရွာမှာလည်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ အမျိုးသား(၁) ယောက်နဲ့ အမျိုးသမီး (၁) ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အရပ်သား ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေကာ စစ်ရာဇဝတ်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အရပ်သားဟန်ဆောင် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရေးဘီလူး တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးသင်တန်းဆင်း ရဲမေအပါ စစ်သား ၅ ယောက်သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးသင်တန်းဆင်းရဲမေ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။
Read More

ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီမီးခုံမြို့နယ်မှ ဒေသခံတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆီမီးခုံသတင်းအဖွဲ့ တာဝန်ခံဆီက သိရပါတယ်။
Read More

ရေးပြောက်ကျားတပ် (YGF) ရဲဘော် ၂ ဦး တိုက်ပွဲအတွင်း ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂) ၊ ရေးပြောက်ကျားတပ် (YGF) က ရဲဘော် ၂ ယောက် တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၃ဦးသေ၊ ၂ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေးစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက် အပြင်းအထန် ဒဏ်ရာရသွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ချောင်းဦးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု၊ ဒရုန်းဗုံးကြဲမှုအတွင်း စစ်ကောင်စီတပ်က ၅ ဦးသေပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးကာ ၁၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ - လျှပ်စီးတပ်ခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုပ်ဆောင်နေခြင်း မရှိဘူးလို့ ဒေါနတပ်ရင်း အသိပေး

ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့် အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုံး၀လုပ်ဆောင်နေခြင်း မရှိဘူးလို့ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနတပ်ရင်းက ထုတ်ပြန်ပါတယ်။