ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၆) ယောက် သေဆုံးခဲ့ပြီး (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက်အစောပိုင်း ၁ နာရီခန့် အများပြည်သူ အိပ်မောကျနေချိန်မှာ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၂) ရှိ ရာစုသစ်ဟိုတယ်ကို လေကြောင်းကနေ စစ်ကောင်စီတပ်က ပေါင် (၂၅၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကျ‌ရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၁) ယောက်၊ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၄) ယောက် သေဆုံးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီး (၃) ယောက်နဲ့ အမျိုးသား (၄) ယောက်လည်း ထိမှန်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၂) လုံးနဲ့ တည်ခိုးခန်းအဆောက်အဦးတချို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ (၂၉)ရက် မနေ့ကလည်း မိုးကုတ်နဲ့ မိုင်းလုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ယောက်နဲ့ အမျိုးသမီး (၁) ယောက် သေဆုံးခဲ့ပြီး အမျိုးသား (၁၁) ယောက်နဲ့ အမျိုးသမီး (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က အခုလအတွင်း ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနဲ့ မိုးကုတ်မြို့နယ်တွေမှာ လေကြောင်းကနေ စုစုပေါင်း (၂၈)ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၅) ယောက် သေဆုံးခဲ့ပြီး ( ၄၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။

0 Shares:
You May Also Like
Read More

မကြာသေးမီက အပြီးသတ်ဝယ်ယူခဲ့သည့် Airbus လေယာဥ်ကြီးစီးကာ မင်းအောင်လှိုင်နှင့်ဇနီး ရုရှနိုင်ငံသို့ ယနေ့ထွက်ခွာ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးကြူကြုလှတို့ဟာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့အတူ နှစ် ၈၀ ရင်ပြင်နီအခမ်းအနားတက်ရောက်ဖို့ ဒီကနေ့ရုရှနိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

ဘီးလင်းတွင် စစ်အုပ်စုက ရွာထဲ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်ပြီး ကြောက်လန့်ထွက်ပြေးသည့် လူငယ် ၁ ဦးကို လိုက်လံပစ်ခတ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က ထိတွေ့တိုက်ပွဲမရှိဘဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီးနောက် ကြောက်လန့်တကြား ထွက်ပြေးတဲ့ လူငယ် ၁ ယောက်ကိုလည်း လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဗျူဟာ ၃၃ နည်းဗျူဟာမှူးနှင့် ရဲဘော်များ ထိန်းသိမ်းခံထားရမှု ညှိနှိုင်းနေဆဲဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးတိုင်းစစ်ဌာန၊ အမှတ် (၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် PDF အယောက် ၅၀နီးပါးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ(၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းခဲ့တဲ့ အခြေအနေကို ၂ဖက်ကြား ညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
Read More

Southern Shan Revolution Youth ရဲ့ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY) ၊ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိဖို့လိုအပ်ပြီး အမှန်တရားပေါ်မှ စုစည်းမှုသည်သာ အောင်ပွဲအတွက် အစစ်မှန်ဆုံးခွန်အားဖြစ်သည် ဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောကြား

ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က တော်လှန်ရေးအင်အားစုတွေ ရန်သူကို လက်နက်အင်အားနဲ့ ယှဉ်ပြိုင်ဖို့ထက် အမှန်တရားပေါ်မှာ အခြေခံတဲ့ စုစည်းညီညွတ်မှုနဲ့ အောင်ပွဲဖော်ဆောင်ကြဖို့ တိုက်တွန်းပြောဆိုလာပါတယ်။
Read More

စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်နှင့် နောင်ချိုမြို့နယ်များမှာ အပစ်ရပ်ထားသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဟု MDY-PDF ထုတ်ပြန်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွေမှာ ယာယီအပစ်ရပ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။