စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ သံပြားကာယာဉ် ၁ စီး ပျက်စီးခဲ့တယ်လို့ Black Eagle Defence Force – MMU က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၃ ရက် မနက်ပိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ သံပြားကာယာဉ် ၈ စီးကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ သံပြားကာယာဉ် ၈ စီးအနက် ၁ စီးဟာ မောင်းနှင်မရတော့ဘဲ မြောင်လမ်းခွဲစခန်းမှာ ရပ်ထားခဲ့ရပြီး ကျန် ၇ စီးကတော့ စစ်ကိုင်းတပ်မ ၃၃ ထဲ ဝင်ရောက်သွားကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကိုတော့ မြေပြင်အခြေအနေအရ အသေးစိတ်မသိရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းမူမြို့နယ်ပကဖ က ဦးဆောင်ပြီး Black Eagle Defence Force(MMU)၊ အလ္လကပ္ပတိုက်နယ်ပကဖ၊ တော‌ချောင်းဦးတိုက်နယ်ပကဖ၊ မြင်းမူမြို့နယ်ပလဖ၊ တိုက်ဂါးလေး TGR (မြောင်)နဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Black Eagle Defence Force – MMU

0 Shares:
You May Also Like
Read More

စစ်အုပ်စုကို KNDF-UAV တပ်ဖွဲ့၏ ဒရုန်းဖြင့် တိုက်ခိုက်ချေမှုန်းခဲ့မှု မှတ်တမ်း (ရုပ်/သံ)

အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို KNDF-UAV တပ်ဖွဲ့ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်ချေမှုန်းခဲ့မှု မှတ်တမ်းရုပ်သံကို Karenni Nationalities Defence Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

လေးကေကော်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားအများအပြားသေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် လေးကေကော်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ Black Panther Column မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ထော်လာဂျီ၊ ဆိုင်ကယ်များဖြင့် ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ ပြောက်ကျား တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကပစ ၂၁ သို့ လာသည့် စစ်တပ်ယာဉ် ၂ စီးကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၁၁ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်နေ ကပစ ၂၁ သို့ လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို တော်လှန် ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ယောက် သေခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ - Caf-Spupdf က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်မှု စစ်သားအများအပြားသေပြီး ဒရုန်း ၁ စီး ပစ်ချနိုင်ခဲ့ တိုက်ပွဲအတွင်း ရဲဘော် ၁ ယောက်ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ဆန်းသစ်ကျေးရွာကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ် ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအ များအပြားသေပြီး ဒရုန်းနဲ့ ၁ စီး ပစ်ချနိုင်ခဲ့ကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Southern YSO PDF မှ သတင်းထုတ်ပြန်ထားပါတယ်။