စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ထပရ-၉၂၉ ကနေ ထွက်ပြေးအလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား ၁ယောက်ကို အခက်အခဲတွေကြားထဲကနေ သွားရောက်ခေါ်ဆောင်ခဲ့ရကြောင်း Golden Target Force အဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ရက်နေ့က မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး၊ ထောက်ပို့တပ်ရင်း (၉၂၉) မှာ တာဝန်ထမ်းဆောင်နေတဲ့ အထက်ပါ စစ်မှုထမ်းတပ်သားကို Golden Target Force (GTF) နဲ့ မုံရွာမြို့နယ် တိုက်နယ်(၁) ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေက အကြမ်းဖက်စစ်တပ် စိုးမိုးထားရာနေရာအထိ သွားရောက်ခေါ်ဆောင်ခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

အလင်းဝင်တပ်သားဟာ သူကိုင်ဆောင်ရတဲ့ MA-1 သေနတ်ကို အခက်အခဲတွေကြောင့် မယူဆောင်နိုင်ခဲ့ပေမယ့်လည်း ကာယကံရှင်ဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမယ်လို့ Golden Target Force အဖွဲ့တာဝန်ရှိသူ ၁ယောက်က ပြောပါတယ်။

“သူကတော့ နေရပ်ကို ပြန်ရင် ပြန်ဆွဲခံရမှာကြောက်လို့ ဒီမှာပဲနေပြီး စကစကိုပြန်တိုက်မယ် ပြောပါတယ်။ အသက်က ၁၉နှစ်ပဲရှိပါသေးတယ်။ နောက်ထပ်အလင်းဝင်လိုတဲ့သူတွေလည်း ကျနော်တို့ကိုဆက်သွယ်ပါ။ ရအောင်ခေါ်ထုတ်ပေးပါမယ်” လို့ Golden Target Force အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အလင်းဝင် စစ်မှုထမ်းတပ်သားရဲ့ ပြောပြချက်အရ သူဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်အတွင်း ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာ ညနေပိုင်း အကြော်ထွက်ဝယ်ရင်း ပေါ်တာဆွဲ ဖမ်းခံခဲ့ရတာဖြစ်ကြောင်းနဲ့ တိုက်ကြီးမြို့နယ် ဂျိုးဖြူသင်တန်းကျောင်းဆီ မတရားပို့ဆောင်ခံရကာ ၂လခွဲကြာ စစ်သင်တန်းတက်ရောက်ခဲ့ရကြောင်း၊ အဲ့ဒီနောက်မှာတော့ ပဲခူးအခြေစိုက် (၁၀၅)တပ်ရင်းနဲ့ ထောက်ပို့(၉၂၉)တပ်ရင်းတွေဆီ အဆင့်ဆင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သိရပါတယ်။
ဒါ့အပြင် အထက်ပါ ထပရ-၉၂၉ တပ်ရင်းထဲမှာ တပ်ကြပ်ကြီးအဆင့်ရှိသူ ၁ယောက်က လက်အောက်ငယ်သားတွေကို မူးယစ်ဆေးဝါး (ရာမ) ပြား (၁)ပြားကို ၁သောင်းကျပ်နဲ့ စီးပွားဖြစ် ရောင်းချနေတယ်လို့လည်း သိရပါတယ်။

ပုံစာ – အလင်းဝင် စစ်ကောင်စီတပ်သား
0 Shares:
You May Also Like
Read More

စစ်ကောင်စီစိုးမိုးထားတဲ့ ကျွန်းလှ-ကန့်ဘလူလမ်းပိုင်းမှာ ပျုစောထီးတွေ မိုင်းဆွဲခံရပြီး ၂ ယောက် သေ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ စိုးမိုးထားတဲ့ ကျွန်းလှ- ကန့်ဘလူ လမ်းပိုင်းမှာ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ယောက်သေကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံက သိရပါတယ်။
Read More

နုတ်ထွက်သွားသည့် တပ်ရင်းများရှိသလို ဝင်ရောက်လိုသည့် တပ်ရင်းများစွာလည်း ရှိနေကြောင်း NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ကွပ်ကဲမှု (Chain of Command) COC အောက်ကနေ နုတ်ထွက်သွားတဲ့ တပ်ရင်းတွေသလို ဝင်ရောက်လိုတဲ့တပ်ရင်းများစွာ ရှိနေကြောင်းကို NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ မတ်လ ၄ ရက်မှာ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၅/၂၀၂၅) အစီအစဉ်မှာ ပြောခဲ့ပါတယ်။ 
Read More

ပေါင်းတည်မှာ စစ်မှုထမ်းစုဆောင်းနေတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ထောင်ကျဖူးသူ အုပ်ချုပ်ရေးမှူးကို ရှင်းလင်း

ပဲခူတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကွက်သစ်မှာ ကြမ်းဖက်စစ်ကောင်စီခန့် ဇီးပင်လှအုပ်စု အုပ်ချုပ်ရေးမှူး ကိုသန်း (ခ) ငသန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။ 
Read More

မြောက်ဦးကို စစ်ကော်မရှင် လေကြောင်းတိုက်လို့ မိသားစုဝင် ၆ ဦးအပါ ၁၂ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မန္တလေးအိုးဘိုထောင် Drop ဗုံးကြဲခံရမှုကြောင့် နိုင်ကျဉ်း ၁၇ ဦးနှင့် အခြားအကျဥ်းသား ၄ ဦး သေဆုံးကြောင်း PPNM အမည်စာရင်း ထုတ်ပြန်

မန္တလေးအိုးဘိုအကျဉ်းထောင်ရဲ့ အမျိုးသားအဆောင်နေရာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် နိုင်ငံရေး အကျဉ်းသား (၁၇) ယောက် သေဆုံးခဲ့ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က နာမည်စာရင်းနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။
Read More

မြင်းခြံတွင် လမ်းသွားလမ်းလာများကို ဆက်ကြေးကောက်နေသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ လမ်းသွားလမ်းလာ ပြည်သူတွေထံက ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။