မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် ကူတော်ရွာရှိ ပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး စစ်ကူလာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စေတုတ္တရာမြို့နယ်က  သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၂ ရက် မနက်ပိုင်းက ကူ‌တော်ရွာပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေ့လယ်ပိုင်းမှာ ကပစ ၂၀ ကနေ စစ်ကား ၂ စီး၊ ကားလေး ၂ စီး၊ အင်အား ၈၀ ခန့်နဲ့ စစ်ကူလာတဲ့ စစ်ကောင်စီ တပ်သားတွေကို မိုင်း ၉ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ‌နောက် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၃ ရက်အထိ စစ်ကြောင်းထွက်ခွာရာ လမ်းတစ်လျှောက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၂ ရက်တာတိုက်ပွဲအတွင်း ပျူစောထီး ၉ ယောက်၊ စစ်သား ၁၁ ယောက်သေဆုံးပြီး ဗိုလ်ကြီး ကျော် စွာမျိုးထွဋ်အပါအဝင် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို စေတုတ္တရာမြို့နယ် ပ.က.ဖ နဲ့ မဟာမိတ်တွေဖြစ်တဲ့ မြိုင်၊ ပေါက်၊ ပခုက္ကူ၊ ကမ္မပ.က.ဖ တပ်ပေါင်းစု၊ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးအဖွဲ့-စေတုတ္တရာမြို့နယ်

0 Shares:
You May Also Like
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် SSNDF/ KNDF B-103 ကနေ သင်တန်းသားရဲဘော် သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်၊ စစ်သား ၁၂ ယောက်သေကာ လက်နက်ကောက်ဖို့ ကြိုးစားတဲ့ ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မိုင်းရှင်းဖို့ အိမ်စီးကား ၃ စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ယောက်သေကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Taw Twin Tup Pee Local အဖွဲ့ထံက သိရပါတယ်။
Read More

နမခ ကနေ တပ်သားသစ်တွေ တင်ဆောင်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကိုင်းတပ်မ ၃၃ ဆီ တပ်သားသစ်တွေ တင်ဆောင်ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ရဲ့ စခန်းတွင်း ပြုပြင်ရေးလုပ်ငန်းခွင် (ရုပ်/သံ)

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စခန်းတွင်း လက်နက်ငယ်ပြုပြင်ရေး၊ ဒရုန်းပြုပြင်‌ရေးနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ပြုပြင်ရေး လုပ်ဆောင်နေမှုကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

စစ်မှုထမ်းတပ်သားသစ်များ တင်ဆောင်လာသည့် ကွန်တိန်နာသင်္ဘောအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ စစ်မှုထမ်းတပ်သားသစ်တွေ တင်ဆောင်ပြီး ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ ကွန်တိန်နာသင်္ဘောကို မတ်လ ၄ ရက် ညနေပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ်ထံက သိရပါတယ်။
Read More

ရန်ကုန်မြို့တစ်နေရာမှာ ၇၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့ တစ်နေရာမှာ ဒီဇင်ဘာ ၁၀ ရက်က ရွှေပြည်သာသပိတ်ကော်မတီ -(SPTSC) နဲ့ မျိုးဆက် သစ်လူငယ်သပိတ်ကော်မတီ - (NGYSC) တို့ ပူးပေါင်းပြီး 'လူ့အခွင့်‌အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ' ဘန်နာကိုင်ဆောင်ကာ လှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။