မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့မှာ ပစ္စတိုသေနတ် ၁လက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဆိုတဲ့ အဖွဲ့တွေဟာ ကမာဝက်မြို့နယ်၊ ကလော့သော့ကျေးရွာကို ဝင်ရောက်စစ်ဆေးစဉ် ကျေးရွာအတွင်းရှိ လူငယ် ၂ ယောက်ထံကနေ ပစ္စတိုသေနတ် ၁ လတ်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဥ်မှာ လူငယ် ၂ယောက် ဖမ်းဆီးခံရကာ စစ်ဆေးပြီးနောက် တောင်ပကျေးရွာအတွင်း နောက်ထပ် ဆက်စပ်တဲ့ လူ ၂ယောက်ကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တချို့မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက ၂ယောက်ကို စစ်ကောင်စီဘက်က PDF တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲထားပြီး စုံစမ်းစစ်ဆေးမှု ဆက်လုပ်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ် လူသတ် မီးရှို့ ခိုးယူနေသည့် ရေစကြိုတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်​တပ်က ရေလယ်ကျွန်းဒေသနဲ့ ပခုက္ကူ-မန္တလေးလမ်းဘေးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးပြီး အရပ်သား ၁၁ ယောက်ကို သတ်ဖြတ်ထားခဲ့ကြောင်း သိရပါတယ်။
Read More

လူ့အသက်များ စတေးထားရသည့် တော်လှန်ရေးဖြစ်တာကြောင့် သဘောထားများ တိုက်ဆိုင်အောင် ကြိုးပမ်းရမည်ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

နိုင်ငံရေးမှာ သဘောထား မတိုက်ဆိုင်တာတွေ ရှိတတ်ပေမယ့် အသက်တွေရင်းထားရတဲ့ တော်လှန်ရေးမှာတော့ သဘောထားတွေကို ဖြစ်နိုင်သမျှ တိုက်ဆိုင်အောင် ကြိုးစားကြရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

အာဏာသိမ်းပြီးကတည်းက စစ်တပ်ကနေ CDM လုပ်ပြီး တော်လှန်နေတဲ့ PDF-Zoland ဒုတပ်စိတ်မှူး ဆေးဝါးမလုံလောက်မှုကြောင့် ကွယ်လွန်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အခြေစိုက် PDF Zolandအဖွဲ့ရဲ့ ဒုတပ်စိတ်မှူးဟာ ဆေးဝါးမလုံလောက်မှုကြောင့် နို၀င်ဘာ ၄ ရက် မနေ့က မနက်ပိုင်းမှာ  ကွယ်လွန်သွားတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
Read More

ပေါ်တာဆွဲကာ ကပစ ၁၄ ပို့ခံထားရသည့် စစ်ကော်မရှင်တပ်သား ၄ ဦး အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ် ပေါ်တာဆွဲ ဖမ်းဆီးထားသည့် စစ်မှုထမ်းတပ်သား ၄ယောက် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အနိမ့်ဆုံးလုပ်ခ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးရန် မေဒေးနေ့မှာ တောင်းဆို

အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အပါအဝင် အလုပ်သမားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
Read More

မြိုင်မြို့ပေါ်အထိတက်မည့် စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်၊ စစ်သားအလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ မြိုင်မြို့ပေါ်အထိတက်မယ့် အကြမ်းဖက်စစ်ကြောင်းကို ပြန်လည်ဆုတ်ခွာသွားအောင် ခုခံတိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ အကြမ်းဖက်စစ်သားအလောင်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။