မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စေတုတ္တရာမြို့နယ် NUG ထံက သိရပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့က စေတုတ္တရာမြို့နယ် ကူတော်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၉ ယောက် သေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့ပြီး အဲဒီနေ့ မနက် ၉ နာရီလောက်မှာ အလောင်းတွေကို စေတုတ္တရာမြို့ပေါ်က နာရေးကားနဲ့ ငဖဲဆေးရုံကို သယ်သွားကာ ဇူလိုင် ၂၃ ရက်မှာ သဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၂ ရက် နေ့လယ် ၁၂ နာရီ ဝန်းကျင်လောက်မှာတော့ စစ်ကောင်စီတပ်ဟာ ကပစ ၂၀ ကနေ စစ်ကား ၂ စီး၊ ကားလေး ၂ စီးနဲ့ ကူတော်ပျူရွာကို စစ်ကူထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်ကူယာဥ်တန်းကို ဟာသက်လည်ရွာ တောင်ဘက်အရောက်မှာ ပြင်းအားမြင့် မိုင်း ၉ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကား ၂ စီး ထိမှန်သွားတဲ့အတွက် စစ်အုပ်စုက လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“မိုင်းဆွဲတာ အတော်ထိပါတယ်။ စစ်ကားကြီး ၂ စီးက ရှေ့ကတက်လာတာ။ ၂ စီးလုံး မိုင်းကွင်းထဲ အပိုင်ဝင်လာတော့ ဆွဲထည့်လိုက်တာ။ ၂ စီးလုံး ထိုးရပ်သွားတယ်။ နောက်ကပါလာတဲ့ ကားလေး ၂ စီးက စကစတွေက တရစပ် ပစ်တော့တာ” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စေတုတ္တရာမြို့နယ် NUG တပ်ဖွဲ့က မောင်းကို ပြောပါတယ်။

ကူတော်ပျူရွာကို စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်စဥ်

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဆက်မသွားနိုင်တော့တာကြောင့် တည်ဇားရွာမှာ တစ်ညအိပ် စခန်းချခဲ့ကြပါတယ်။ ကူတော်ရွာဟာ စေတုတ္တရာမြို့နယ်မှာ ပျူအင်အား အကောင်းဆုံး ရွာတစ်ရွာဖြစ်ပြီး တစ်ရွာလုံးနီးပါး ပျူသင်တန်းဆင်းထားကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၃ ရက်မှာ စစ်အုပ်စုဟာ တည်ဇားရွာကနေ အောက်ဝေါရွာကို ဝင်ရောက်သွားပြီး အဲဒီကတဆင့် ကူတော်ရွာကို ဝင်ရောက်ချိန်မှာလည်း ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

“ကူတော် စကစတွေ ကူတော်ထဲ ဝင်တော့ ဒရုန်းချ တိုက်ခိုက်တယ်။ အဲဒီကနေ မဏ္ဍပ်ကိုင်းရွာ ထွက်တယ်။ အဲ့မှာလည်း ဒရုန်းနဲ့ လိုက်ချတယ်။ သူတို့သွားရာ လိုက်တိုက်ခိုက်တာဗျ” လို့ အထက်ပါ တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

ကူတော်ပျူရွာကို စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်စဥ်

မိုင်းဆွဲခံရတဲ့ရက်မှာလည်း သေဆုံးသူတွေကို စေတုတ္တရာမြို့ပေါ်ကနေ နာရေးကား ၂ စီးနဲ့ ကပစ ၂၀ ထဲကို ၂ကြိမ်တိုင် လာရောက်ခေါ်ယူသွားပြီး ဒဏ်ရာအနည်းငယ်ရသူတွေကိုတော့ မြို့မဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု ၂ရက်အတွင်း စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် သေဆုံးကာ ဗိုလ်ကြီး ကျော်စွာမျိုးထွဋ် အပါအဝင် စစ်သားနဲ့ ပျူစောထီး အများအပြား ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို စေတုတ္တရာမြို့နယ် ပကဖ၊ မြိုင်၊ ပေါက်၊ ပခုက္ကူ၊ ကမ္မ ပကဖ တပ်ပေါင်းစုနဲ့ မင်းဘူးခရိုင် အမှတ် (၄) တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲကို ဒီဇင်ဘာနှင့် ဇန်နဝါရီမှာ အပိုင်း ၂ ပိုင်းခွဲကျင်းပဖို့ ရည်ရွယ်ထားဟု မင်းအောင်လှိုင် ပြော

စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အပိုင်း ၂ ပိုင်းခွဲပြီး ကျင်းပသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ မတ်လ ၂၅ ရက် မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ အစည်း အဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။
Read More

NUG ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်

NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းက ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားသည့် AA က စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမှာမဟုတ်ဟု ပြောကြား

ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရက္ခိုင့်တပ်တော် AA အနေနဲ့ အကြမ်းဖက်စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီနေ့ သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

စစ်မှုထမ်းတပ်သား ၂ ဦး တောကြီးမြွေဟောက်တပ်ဖွဲ့ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်း တပ်သားသစ် ၂ယောက် အလင်းဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ (Cobra King Force) က ဒီမနက် ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ် ရပ်ကျေး ပကဖရဲ့အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တိုက်နယ် (၃) ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၅) သင်တန်းဆင်းပွဲကို မနေ့က စက်တင်ဘာ ၂၈ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မတ္တရာ ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ အမြန်ဆုံး ရပ်တန့်အောင် ဆောင်ရွက်ပေးရန် ကုလ၊ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရများကို TNLA မေတ္တာရပ်ခံ

မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းအသုံးပြုပြီး ပြည်သူတွေရှိရာကို ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံး ရပ်တန့်အောင်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂနဲ့ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရတွေကို မေတ္တာရပ်ခံကြောင်း TNLA က ပြောဆိုထားပါတယ်။