အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 – အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားအမှတ်တရအဖြစ် တပ်ဖွဲ့ရုံး၊ စစ်ကြောင်းရုံး၊ တပ်ခွဲတွေကနေ ကိုယ်စားပြု အသင်းလိုက် စုဖွဲ့ကာ ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြိုင်ပွဲအပြီးမှာတော့ အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF က ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုနဲ့ နှစ်သိမ့်ဆုတွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၁) ရက်က ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ရဲ့ တပ်ရင်းအထိုင်ချစခန်းတွေ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို တစ်ပြိုင်တည်း ကျင်းပခဲ့တာဖြစ်ပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က စတင်ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မော်တော်ယာဉ်များကို ပိုက်ဆံကောက်နေသည့် စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အထက (၁) ကျောင်းနားမှာ ပြည်သူတွေရဲ့ကားတွေထံက ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army - TPA တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မင်းလှတွင် အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ ၂၂ ဆီက သိရပါတယ်။
Read More

PDF ဆိုပြီး စစ်ကောင်စီတပ်တွေက ရွှေတောင်မြို့နယ်က ဒေသခံ ပြည်သူတစ်ယောက်ကို ဖမ်းဆီး…

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ယင်းမှုကုန်းအုပ်စု၊ ယင်းမှုကုန်းရွာ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံပြည်သူ ၁ ယောက်ကို PDF ဆိုပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးဦးဆောင်ကာ စစ်သား ၈ ယောက်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
Read More

ဆေးသင်တန်းသား/သူ ၁၈ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် ပြစ်ဒဏ်စီရင်ချမှတ်ပြီးကြောင်း KNDF ထုတ်ပြန်

ကရင်နီမှာ ဆေးသင်တန်းသား/သူ တွေ လေ့ကျင့်ရေးပြုလုပ်စဉ်မှာ ရေဘေးကြောင့် ၁၈ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကနေ အပြစ်ရှိသူတွေကို ပြစ်ဒဏ်ချမှတ်ပြီးကြောင်းကို ဒီနေ့ ဒီဇင်ဘာလ ၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ရေတာရှည်မှာ ဂျမ်မာတွေ ဖျက်ဆီးဖို့သွားတဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု ထိတွေ့တိုက်ပွဲဖြစ်.. စစ်အုပ်စု ရမ်းပစ်လို့ အရပ်သား ၁ ယောက် ခေါင်းထိမှန်သေပြီး ၂ ယောက်ဒဏ်ရာရ…

ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျမ်မာတွေကို သွားရောက်ဖျက်ဆီးရင်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းဆီက သိရပါတယ်။