ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ရဲ့ လေးနှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၂၇) ရက်က ကရင်နီပြည် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။

အခမ်းအနားမှာ KNDF တပ်ဦးအလံကို အလေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရူံးခဲ့ရတဲ့ ရဲဘော်တွေကို ဂုဏ်ပြုခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် KNDF တပ်ရင်း ၁၉ ရဲ့ တပ်ရင်းမှူးကလည်း အဖွင့်အမှာစကားပြောကြားပြီး ဧည့်သည်တော်တွေကလည်း အားပေးစကားပြောကြားခဲ့ပြီး KNDF တပ်ရင်း ၁၉ ရဲ့ ဒုတပ်ရင်းမှူးက ကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

KNDF တပ်ရင်းအမှတ် (၁၉) မှာ (၄) နှစ်တာကာလ တိုက်ပွဲ အတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်း (၁၃) ယောက်နဲ့ ကိုယ်လက်အင်္ဂါဆုံးရူံးခဲ့ရတဲ့ ရဲဘော် (၇) ယောက် ရှိတယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်တပ်ရင်း အမှတ် (၁၉) အနေနဲ့ အာဏာရှင်စနစ်ကျဆုံးတဲ့အထိ တော်လှန်ပြည်သူတွေနဲ့အတူ တိုက်ပွဲ၀င်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မကွေးတိုင်း ပကဖ ရဲ့ ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း… (ဓာတ်ပုံသတင်း)

မကွေးတိုင်lအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က နယ်မြေထိန်းချုပ်ထားတဲ့ လွတ်မြောက်ရာတစ်နေရာမှာ “ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း”ကို မကွေးတိုင်း ပကဖ က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ လက်အောက်ကနေ အမာခံသတင်းပေးလိုတဲ့ ဖရဲသီးများကို ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်နေ

စစ်တပ်အတွင်း အခြေအနေအမျိုးမျိုးကြောင့် CDM လုပ်ဖို့ ခက်ခဲနေသူတွေကိုလည်း PreCDM (ဖရဲသီး)များ အဖြစ် ကြိုတင်စာရင်းပေးထားနိုင်သလို အသက်အန္တရာယ် စိုးရိမ်ရသူများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများလည်း ပြုလုပ်ပေးနေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရ

လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင်ဟာ ဒီနေ့ မနက်အစောပိုင်းမှာ ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။
Read More

လားရှိုး နားမခေါ်ကားဂိတ်အနီးကို စစ်တပ်က ဗုံးကြဲလို အရပ်သားပြည်သူတစ်ဦးသေဆုံး၊ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်အထိ ရှိလာ

MNDAA ကထိန်းချုပ်ထားတဲ့  လားရှိုးမြို့ကို စစ်ကောင်စီက မနေ့က အောက်တိုဘာ ၁၄ ရက်ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကန်ဘလူတွင် ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၂ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး လူ ၈၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ အောက်တိုဘာလ ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သား အယောက် ၈၀ နီးပါးကို ပြန်ပေးဆွဲဖမ်းဆီးခဲံပြီး၊ အမျိုးသမီး ၂ယောက်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ -ကန့်ဘလူခရိုင်ထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ရွာနေအရပ်သား ၂၉ ယောက်၊ ဇီးကုန်းရွာက ၁၈ ယောက် နဲ့ ဗျူဟာလမ်းကြောပေါ်သွားလာနေတဲ့ အရပ်သားအယောက် ၃၀ ထက်မနည်းကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ PDF တပ်ရင်းအမှတ် ၈၀၃ ၏ တပ်ရင်းမှူး ကွယ်လွန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ကုန်း PDF (တပ်ရင်းအမှတ် ၈၀၃) ရဲ့ တပ်ရင်းမှူး ကွယ်လွန်သွားတယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။