ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံ – ညောင်ရွှေနယ်စပ် ဖယ်ခုံမြို့နယ်မှာ အကြမ်း ဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၇ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း နားဟီးအုပ်စုရှိ ကာလရွာနဲ့ နားကုန်းရွာကို စစ်ကောင်စီတပ်နဲ့ PNA ပြည်သူ့စစ်က ဝင်ရောက်ပြီး ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ PNA ပြည်သူ့စစ်တို့က ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းရှိ ဆောင်နန်းခဲရွာကို ဝင်ရောက်ပြီး ရွာလုံးကျွတ် နီးပါးမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဇူလိုင် ၁၈ ရက်‌ကလည်း ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၅ ယောက် ထိခိုက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တို့က ‌အင်အားအလုံးအရင်းနဲ့ လေကြောင်း ၊ လက်နက်ကြီးတွေ အဆမတန် အသုံးပြုကာ စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေတချို့ ဆုတ်ခွာပေးလိုက်ရပြီး ဖယ်ခုံအရှေ့ခြမ်းရှိ ကျေးရွာအားလုံး စစ်ဘေးတိမ်းရှောင်နေရတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက ထုတ်ပြန်ထားပါတယ်။

ကာလရွာနှင့် နားကုန်းရွာရှိ ပြည်သူနေအိမ်များအား စစ်ကောင်စီနှင့် PNA ပြည်သူ့စစ်တို့က မီးရှို့ဖျက်ဆီးစဉ် (ဓာတ်ပုံ kiki)

0 Shares:
You May Also Like
Read More

ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် “၈၀ချစ်တယ်” ဟူသော စာတန်း ချိတ်ဆွဲဆန္ဒထုတ်ဖော်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် "၈၀ချစ်တယ်" ဆိုတဲ့ စာတန်း ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းတော်ကြီးဒေသတွင် စစ်တပ်နှင့် SNA တပ်စွဲထားသည့် မိုင်းနောင်နှင့် မမုံကိုင်ရွာကို ပြန်လည်သိမ်းပိုက်ဟု KIA ထုတ်ပြန်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ အကြမ်းဖက်စစ်တပ်နဲ့ SNAပြည်သူ့စစ်တို့ တပ်စွဲထားတဲ့ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန Laiza TV ကနေ ဩဂုတ် ၁၆ရက် မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့မရဲစခန်းကို PDF များ ဝင်ရောက်တိုက်ခိုက်ရာ ဒုရဲအုပ်နှင့် ရဲတပ်သား သေဆုံးပြီး ရဲ ၆ ဦးခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ် ၁ ယောက်နဲ့ ရဲတပ်သား ၁ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။
Read More

ယောဒေသအတွင်း စစ်ရေးအရှိန် မြှင့်တင်တော့မယ်လို့  YDF ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအခြေပြု ယောကာကွယ်ရေးတပ် (YDF) အနေနဲ့ ယောဒေသအတွင်း မကြာမှီ စစ်ရေးအရှိန်မြှင့်တင်ပြီး စစ်ဆင်ရေးတွေ စတင်ဖော်ဆောင်တော့မယ်လို့ YDF ဗဟိုစစ်ရုံးချုပ်က ဒီကနေ့ ဇန်နဝါရီလ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်သည်တော်များ၏ ဖိအားပေး နှုတ်ထွက်ခိုင်းမှုအား နှုတ်ထွက်မည့်အစား အသေခံမည်ဟု သမ္မတ ဦးဝင်းမြင့် တုံ့ပြန်ခဲ့

အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို မတရား လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်ကို စစ်အရာရှိ ၂ယောက်က ကျန်းမာရေးအကြောင်းပြ နှုတ်ထွက်ခိုင်းပေမယ့် ဦးဝင်းမြင့်က သူ့အနေနဲ့ ကျန်းမာရေးကောင်းမွန်တာကြောင့် နှုတ်မထွက်နိုင်ကြောင်း၊ နှုတ်ထွက်မယ့်အစား အသေခံမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီတပ်သားတွေ ခိုးယူသွားတဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံအပ်နှံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ  စစ်ကောင်စီတပ်သားတွေခိုးယူသွားတဲ့ အရပ်သားတွေရဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံ ပြန်လည် အပ်နှံခဲ့တယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။