မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်မှာ ဇူလိုင်လ (၁၇) ရက်ကနေ (၂၃) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် (၁၅) နှစ်အရွယ် ကလေး (၂) ယောက် သေဆုံးပြီး နေအိမ် (၅) လုံး ပျက်စီးကာ အရပ်သားလုပ်ငန်းခွင်တွေအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ(၁၇)ရက် မနက်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီရဲ့ အမှတ် (၃၁၄) အမြောက်တပ်က အရပ်သားပြည်သူနေထိုင်တဲ့ရွာကို (၁၂၀) မမ လက်နက်ကြီး (၂) လုံး ပစ်ခတ်မှုကြောင့် သထုံမြို့နယ်၊ ကြက်ခပ်ချောင်းကျေးရွာအုပ်စု ရွှေကြည်ရွာအနီးဝန်းကျင်မှာ (၁) လုံးနဲ့ သထုံမြို့နယ် ကျောက်တောင်ကျေးရွာအုပ်စု နောင်ကတုပ်အထက်ရွာဘေး (၁) လုံး အရပ်သားပြည်သူ လုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ တပ်စခန်းကနေ ဇူလိုင်လ(၁၈)ရက် နေ့လယ်ပိုင်းမှာလည်း (၁၂၀) မမ လက်နက်ကြီး (၂)လုံး ထပ်မံပစ်ခတ်ခဲ့ရာ နောက်ကတုတ်အထက်ရွာနဲ့ အင်းရွာကြား (၁) လုံး ကျရောက်ပေါက်ကွဲပြီး ရွှေကြည်ရွာဘေးမှာလည်း (၁) လုံး အရပ်သားပြည်သူ လုပ်ငန်းခွင်ထဲမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဇူလိုင်လ (၁၇) ရက် ညနေပိုင်းကလည်း စစ်ကောင်စီရဲ့ အမှတ် (၃၁၀)အမြောက်တပ်က အရပ်သားပြည်သူနေထိုင်တဲ့ရွာကို (၁၂၀) မမ လက်နက်ကြီး (၂) လုံး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ သုံးခွရွာနဲ့ ကျောက်ပုံကြီးရွာကွင်းရွာကြား အရပ်သားပြည်သူလုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲပြီး သုံးခွရွာနေ အသက် (၁၅) နှစ်အရွယ် ယောကျာ်းလေး လက်နက်ကြီးကျည်စ ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇူလှိုင်လ (၂၁) ရက် ညနေပိုင်းမှာလည်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးသီး (၁) လုံး လာရောက်ကြဲချခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ဝင်းကလောကျေးရွာအုပ်စု၊ ဆောင်နိုင်ကြီးရွာဟောင်း အရပ်သားပြည်သူလုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲပြီး ဆောင်နိုင်ကြီးရွာဟောင်းနေ နေအိမ် (၂) လုံး ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဇူလှိုင်လ (၂၃)ရက် နေ့လယ်ပိုင်းကလည်း စစ်ကောင်စီရဲ့ ခြေလျှင်တပ်ရင်း (၈) မှ ရန်ကုန်-မော်လမြိုင် လမ်းမလမ်းလုံခြုံရေး လှုပ်ရှားတပ်ဖွဲ့က အရပ်သားပြည်သူနေထိုင်တဲ့ကျေးရွာကို ပစ်မှတ်ထားပြီး (၆၀) မမ လက်နက်ကြီး (၃) လုံး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ အလူးကျေးရွာအုပ်စု၊ အလူးလေးအရှေ့ရွာလေး ရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် (၁၅) နှစ်အရွယ် မိန်းကလေး လက်နက်ကြီးကျည်စထိမှန် သေဆုံးကာ အလူးလေးအရှေ့ရွာလေးနေ အရပ်သားပြည်သူ နေအိမ် (၃) လုံး လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီမီးခုံမြို့နယ်မှ ဒေသခံတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆီမီးခုံသတင်းအဖွဲ့ တာဝန်ခံဆီက သိရပါတယ်။
Read More

ချောင်းဦးရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့်တိုက်ခိုက်၊ စစ်အုပ်စုက ၅ ဦးသေပြီး ၁ ဦး ဒဏ်ရာရ…

" အခက်အခဲကတော့မရှိခဲ့ပါဘူး။ ၆၀မမ ၂လုံးပစ်သွင်းတာမှာ ၁လုံးပဲကွဲပါတယ်။ ပစ်ခတ်မှုတော့မဖြစ်ပါဘူး။ သူတို့ဘက်တုံ့ပြန့်တာမျိုးတော့မရှိပါဘူး။ သေတဲ့၁ကောင်ကို နမခကို ပြန်ခေါ်သွားတယ်ဆိုတော့ အကောင်ကြီးထဲကဖြစ်နိုင်ချေရှိပါတယ်။ သူ့ရဲ့နာမည်နဲ့ရာထူးကိုမသိရလို့သာမထုတ်ပြန်တာပါ။ ကျန်တဲ့ ၄ကောင်က ချောင်းဦးမှာပဲသဂြိုလ်ပါတယ်။" လို့ Cahung U People's Defence Force တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဒီမနက်မှာ နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်လို့ ကလေး(၂) ယောက် အပါ (၃) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၂) ယောက် အပါအဝင် (၃) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိကာ နေအိမ်(၁၇)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီထောက်တိုင်တွေကို သတင်းပေး တိုင်ကြားနိုင်ကြောင်း တွံတေး ပကဖ ထုတ်ပြန်

မြေပြင်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ စိုးမိုးထိန်းချုပ်နေတဲ့ ကာလဖြစ်တာကြောင့် ဥပဒေမဲ့ပြုကျင့်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားသဖြင့် နိုင်လိုမင်းထက် ပြုကျင့်တာတွေကို မှတ်တမ်းတင်ပြုစုမှာဖြစ်တာကြောင့် စစ်ကောင်စီ ထောက်တိုင် အကြမ်းဖက်အဖွဲ့ဝင်တွေကို တိုင်ကြားနိုင်တယ်လို့ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းကနေ နတ်တလင်းမြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ဦး သေဆုံးသွားတယ်လို့ ၃၆၀၁ PPDFတပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် အဝတ်လှန်းရင်း ကျည်ထိမှန်သေဆုံးခဲ့သူ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ဆိုင်ကယ်စီးနင်းလာသူ ၁ယောက်ကို ဦးထုပ်မပါတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က လိုက်လံပစ်ခတ်ရာ နေအိမ်အတွင်း အဝတ်လှန်းနေသူတစ်ယောက်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း Yeasgyo Township Info Committee တာဝန်ရှိသူက ပြောပါတယ်။